291-295

608 44 3
                                    

အပိုင်း ၂၉၁ နန်ကုန်းဟောင်က လိုင်မင်းထျန်ကို အနိုင်ယူခြင်း၊
မုရုံချန်းနဲ့ လီယင် တို့တိုက်ပွဲ

နှင်းပွင့်မိန်းမပျိုက အံ့သြသွားလေသည်။
    
     မည်သို့ဆိုစေကာမူ၊ ခမ်းနားကြီးကျယ်သော ဓားချီသည် သူမရှိရာသို့ လျင်မြန်စွာ ချဥ်းကပ်လာနေပြီ ဖြစ်ပြီး ထိုကြောက်မက်ဖွယ်စွမ်းအားက သူမအား တုန်လှုပ်စေသည်။

     ထို့နောက်၊ သူမသည် ကုချင်းကို လက်ချောင်းများဖြင့် တီးခပ်လိုက်ပြီး ပြင်းရှရှ ကုချင်းသံစဥ်များ ထွက်ပေါ်လာ‌စေ၏။

    ကုချင်းသံစဥ်အတွင်းမှ လေဓားသွားများသည် မုရုံချန်း၏ ဓားချီကို တားဆီးရန် လေထဲကို ဖြတ်ကျော်သွားသည်။ သို့ရာတွင်၊ ၎င်းက အချည်းနှီးသာ ဖြစ်၏။

      အဆုံးသတ်မှာ၊ နှင်းပွင့်မိန်းမပျိုသည် ဓားချီကြောင့် သူမ၏ အင်္ကျီများ ပြတ်ရှသွားပြီး သူမ၏ ဖြူဖွေးသောအသားစိုင်များကို လစ်ဟ မိသွားသည်။

    အမျိုးသားကျင့်ကြံသူများစွာသည် ထိုမြင်ကွင်းကို မြင်၍ နှာခေါင်းသွေးယိုကြကုန်၏။

နှင်းပွင့်မိန်းမပျိုသည် အတော်လေးရှက်ရွံ့သွားကာ အများသူငှာ ရှေ့မှောက်တွင် ပေါ်ထွက်သွားသော အသားစိုင်များကို ဖုံးကွယ်ရန် သူမ၏ ယင်ယန်လက်စွပ်မှ ဝတ်ရုံတစ်ခုကို ခြုံလိုက်သည်။

“ ဒီစမ်းသပ်မှုကို ငါ အရှုံးပေးတယ်”
နှင်းပွင့်မိန်းမပျိုသည် သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

ကောင်းကင်နက်ဂိုဏ်းက နောက်တစ်ချီ နိုင်သွားပြန်၏။

တတိယအချီ၊ ဒုတိယ ပွဲစဥ်၊ ဒုတိယပြိုင်ပွဲ...။

၎င်းက နန်ကုန်းဟောင်နှင့် လိုင်မင်းထျန်တို့ တွေ့ဆုံခြင်း ဖြစ်၏။

သူတို့နှစ်ဦးလုံးသည် ကွင်းထဲတွင် မတ်တပ်ရပ်နေကြပြီး သူတို့၏ခန္ဓာကိုယ်မှ ရဲရင့်ပြတ်သားသော တာအိုစည်းချက်များ ထွက်ပေါ်နေကာ လေထုအတွင်း ရောယှက်နေကြသည်။

     “ နန်ကုန်းဟောင်၊ မင်းရဲ့စွမ်းအားတွေက တစ်နှစ်အတွင်း ဒီလောက်တိုးလာလိမ့်မယ်လို့ မထင်ထားဘူး။ ပြီးတော့ မုရုံချန်း ရောပဲ။ မင်းတို့‌ ကောင်တွေက ငါ့ကို တကယ်အံ့သြသွားစေတယ်”
လိုင်မင်းထျန်က အလေးမထားစွာ ပြောလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now