အပိုင်း ၃၂၈ တစ်ပိုင်းအင်ပါယာ၏မှတ်တမ်း၊ ခေါင်းမဲ့အမျိုးသမီး၏တည်ရှိမှု...
'' သူမအသက်ရှင်နေတုန်းက ဘယ်လိုလူမျိုးဖြစ်မလဲ...''
ထိုအတွေးက ချူခွမ်းရန်၏စိတ်ထဲတွင် အလိုအလျောက်ပေါ်လာသည်။
သူမ၏ခေါင်းတစ်ခုတည်းက ထုတ်လွှတ်နေသောအော်ရာကပင် ကျွန်းတစ်ကျွန်းလုံးကိုဖုံးလွှမ်းရန်လုံလောက်နေပြီဖြစ်ပြီး ပညာရှင်များကိုချည်းကပ်ရန် အခက်အခဲဖြစ်စေ၏။
ဤသို့ဆိုလျှင် သူမသက်ရှိထင်ရှားရှိစဥ်ကရော ဘယ်လောက်စွမ်းအားကြီးလိုက်မလဲ...။
သူ၏အကြည့်ကို ထိုဦးခေါင်းဆီသို့ရွေ့လိုက်သည်နှင့် အချက်အလက်များစွာပေါ်လာသည်။
'' ကြီးမြတ်သောအင်ပါယာတစ်ပါး၏ဦးခေါင်း၊ အမည်မသိ၊ ကျင့်ကြံခြင်းအဆင့်မသိ၊ မသေသေးစောအခြေအနေတွင်ရှိသည်။သတိဖြင့်ကိုင်တွယ်ပါ...''
'' ဘာ...''
'' မသေသေးဘူးလား...''
'' ဒါက ဘယ်လိုအခြေအနေမျိုးလဲ၊ သူ့ရဲ့ခေါင်းကအဖြတ်ခံထားရပြီးတော့ ကျန်တဲ့ခန္ဓာကိုယ်ကလည်းဘယ်ရောက်နေမှန်းမသိဘူး ဒါတောင်မသေသေးဘူးလား...''
'' ဒါပေမဲ့ ငါ့မှာလည်း အင်မော်တယ်ခန္ဓာရှိတာပဲ၊ ငါ့ရဲ့ခေါင်းကတိုက်ပွဲမှာအဖြတ်ခံလိုက်ရရင်တောင် ငါပြန်ပြီးရှင်သန်နိုင်စွမ်းရှိတယ်...''
'' ဒီကောင်မက ငါ့ထက်ပိုကြမ်းမှာလို့လား...''
ထိုအတွေးကြောင့် ချူခွမ်းရန်စိတ်သက်သာရာရသွားသည်။
ထို့နောက်သူက ဆံပင်ဖြူနှင့်လူကြီးကိုတစ်ချက်ကြည့်လိုက်သည်။
'' ကောင်းကင်စစ်နတ်ဘုရားပညာရှင်၊ ကျင့်ကြံခြင်းအဆင့် တစ်ပိုင်းအင်ပါယာ၊ သေဆုံးပြီး...''
တစ်ပိုင်းအင်ပါယာလား...။
တစ်ပိုင်းအင်ပါယာများသည် ပညာရှင်အုပ်စိုးသူများဖြစ်နေကြသေးသော်လည်း အဓိပတိမြင့်မြတ်သခင်များနှင့် တစ်ပိုင်းပညာရှင်များကဲ့သို့ပင် သူတို့မှာ မိုးလောက်မြေလောက်ကွာခြား၏။အင်ပါယာများအောက်အသန်မာဆုံးပုဂ္ဂိုလ်က ဤနေရာတွင်အဘယ်ကြောင့်သေဆုံးသွားရသည်ကို ချူခွမ်းရန်သိချင်လာသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...