အပိုင်း ၃၆၂ အံ့ဖွယ်တိမ်ပင်လယ်အစီအရင်၊ မရဏနန်းတော်၏လှုပ်ရှားမှု

440 45 1
                                    

အပိုင်း ၃၆၂ အံ့ဖွယ်တိမ်ပင်လယ်အစီအရင်၊ မရဏနန်းတော်၏လှုပ်ရှားမှု၊ တောင်ပံလူသားမျိုးနွယ်စုအားတိုက်ခိုက်ခြင်း...

   '' ဂုဏ်ယူပါတယ်ပိုင်ရှင် သင်က ဒဏ္ဍာရီအဆင့် အံ့ဖွယ်တိမ်ပင်လယ်အစီအရင်ကိုရရှိခဲ့ပါပြီ...''

   ယနေ့ ချူခွမ်းရန်က နေ့စဥ်လှည့်ခြင်းမှ ဒဏ္ဍာရီလာအဆင့် အံ့ဖွယ်တိမ်ပင်လယ်အစီအရင်ကိုရရှိခဲ့၏။

၄င်းက အံ့ဩပျော်ရွင်စရာပင်ဖြစ်သည်။

   '' ငါအခုတလော တော်တော်ကံကောင်းနေတာပဲ၊ ပထမဆုံးနတ်ဘုရားအဆင့်ခန္ဓာကိုယ်၊ အခုလည်း ဒဏ္ဍာရီလာအစီအရင်၊ ကြည့်ရတာ ကြာဖြူကျောင်းတော်မှာ ကံကြမ္မာကောင်းတွေစုဝေးနေတယ်နဲ့တူတယ်...''

ချူခွမ်းရန်က သူ၏မေးစေ့ကိုပွတ်ကာ စဥ်းစားဆင်ခြင်လိုက်သည်။

    သူ့တွင် ကံစက်ဝန်းမရှိစဥ်က ကြာဖြူကျောင်းတော်၌ စိတ်ဝိညာဥ်ကြည်လင်ခြင်းကမ္မဌာန်းစျာန်ကို ရရှိခဲ့သည်။ယခုကံစက်ဝန်းရှိစဥ်တွင်လည်း နတ်ဘုရားအဆင့်ခန္ဓာကိုယ်နှင့် ထိပ်တန်းအစီအရင်တစ်ခုကိုရရှိခဲ့ပြန်သည်။

ကြာဖြူကျောင်းတော်က သူ့ရဲ့ကံကောင်းစေတဲ့ နေရာဖြစ်နေမလား...။

'' ငါဒီကို မကြာခဏလာလည်ဖို့လိုတဲ့ပုံပဲ...''

ချူခွမ်းရန်က တောက်ပစွာပြုံးလိုက်သည်။အံ့ဖွယ်တိမ်ပင်လယ်အစီအရင်ကို ဖတ်ရှုပြီးနောက်တွင် ချူခွမ်းရန်က ပိုပြီးအံ့ဩသွားလေ၏။၄င်းသည် တကယ့်ထိပ်တန်းဧရာမအစီအရင်ကြီတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

    ထိုအစီအရင်၏ အကျယ်အဝန်းက ပတ်ပတ်လည်အချင်းဝက် ကီလိုမီတာထောင်ပေါင်းများစွာကိုပင် ဖုံးလွှမ်းနိုင်လေသည်။

'' သောက်ခွေး...၊ ဒါက ငါကောင်းကင်နက်ဂိုဏ်းကို ကာကွယ်ဖို့အတွက်လိုအပ်နေတဲ့ အစီအရင်မျိုးပဲ...''

ချူခွမ်းရန်က အံ့ဩစွာဖြင့်ပြောလိုက်၏။

   ဤအစီအရင်က လေးရာသီဓားအစီအရင် နှင့် တစ်ဆင့်တည်းတွင်ရှိသည်ဟု ဆိုနိုင်သော်လည်း တိမ်ပင်လယ်အစီအရင်က ပိုပြီး တန်ဖိုးကြီးလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now