အပိုင်း ၃၈၁ ဓားသွားနက်ကျွန်းကိုလက်ဝါးတစ်ချက်ရိုက်ခြင်း

435 42 0
                                    

အပိုင်း ၃၈၁ ဓားသွားနက်ကျွန်းကိုလက်ဝါးတစ်ချက်ရိုက်ခြင်း၊ ဒီကိစ္စကိုပြေလည်အောင်ဘယ်လိုလုပ်မလဲ

   ဓားသွားနက်ကျွန်းအပေါ်တွင် အလွန်တရာများပြားသောဝိညာဥ်ချီများစုစည်းလာကြပြီး ဝဲဂယက်ကြီးတစ်ခုဖြစ်ပေါ်လာ၏။ ကျွန်းပေါ်တွင်ရှိနေသော ကျင့်ကြံသူများအားလုံးထိုမယုံကြည်နိုင်သောအော်ရာကိုခံစားမိကြသည်။ပညာရှင်များပင် ၄င်းကိုအာရုံခံမိကြ၏။

'' ဒီအော်ရာ ဖြစ်နိုင်တာက...''

     အစောပိုင်းက ကြာဖြူကျောင်းတော်မှဓားသွားနက်ပညာရှင်၏အလောင်းကိုယူဆောင်လာရန်အမိန့်ပေးခဲ့သော ဓားသွားနက်ကျွန်းပေါ်မှပညာရှင်က သူ၏မျက်လုံးများကိုရုတ်တရက်ဖွင့်လာ၏။

သူက ဓားသွားနက်ကျွန်းပေါ်ရှိ ဝဲဂယက်ကိုကြောက်ရွံနေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။

    ထိုတိကျသော အော်ရာကို သူလုံးဝမှားနိုင်ခြေမရှိပေ။

'' သူက ဘာလို့နေရာတကာကို ရောက်လာနေရတာလဲ...''

   ထိုသိမ်းငှက်နှုတ်သီးပုံစံနှင့် လူအိုကြီးက ကျွန်းအထက်သို့လျင်မြန်စွာပျံတက်သွားသည်။

     ကောင်းကင်ထက်တွင် ကျယ်ပြောပြီးရွှေရောင်တောက်ပနေသော ဗုဒ္ဓအလင်းများက စုစည်းလာပြီး ဧရာမရွှေရောင်ဗုဒ္ဓလက်ဝါးကြီးတစ်ခုဖြစ်ပေါ်လာကာ ကျွန်းအပေါ်သို့ကျဆင်းလာ၏။

    ထိုလက်ဝါးကြီးကျဆင်းလာသည်တွင် ကျွန်းတစ်ကျွန်းလုံးတုန်ခါလာလေသည်။

'' ဒီလက်ဝါးစွမ်းအင်က ကြောက်စရာကောင်းလွန်းတယ်...''

'' ဒီလက်ဝါးသာ ကျွန်းပေါ်ကိုကျဆင်းလာရင် ကျွန်းတစ်ခုလုံးအမြစ်ပြတ်သွားမှာစိုးရတယ်၊ မကောင်းတော့ဘူး၊ ငါတို့ဒါကိုဘယ်လိုတားဆီးရပါ့မလဲ...''

      ကျွန်းပေါ်ရှိကျင့်ကြံသူများက အလွန်အမင်းစိုးရိမ်ပူပန်နေကြ၏။

    သူတို့ထဲမှ အားကောင်းသောကျင့်ကြံသူများဆိုလျှင် အတူတကွစုဝေးနေကြကာ ထိုလက်ဝါးကြီးထံသို့ တာအိုစည်းချက်အမျိုးမျိုးထုတ်လွှတ်တိုက်ခိုက်နေကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now