အပိုင်း ၄၉ စမ်းကြည့်ချင်လား၊ မင်းသမီးလင်လုံဝင်ပါခြင်း

692 68 1
                                    

အပိုင်း ၄၉ စမ်းကြည့်ချင်လား၊ မင်းသမီးလင်လုံဝင်ပါခြင်း

မင်းသမီးလင်လုံထွက်ခွာသွားပြီး သူမကလူအုပ်ကိုယူကျုံးမရဖြစ်ကျန်ရစ်စေသည်။

ဖန်တျန်းက ချူခွမ်းရန်ကိုစိုက်ကြည့်ကာ

'' ငါမင်းကိုပြိုင်ပွဲအတွင်းမှာအနိုင်ယူပြမယ်...မင်းသမီးကို ငါကမင်းထက်ပိုတော်တယ်ဆိုတာကိုသက်သေပြရမယ်...''

'' ငါလည်းအတူတူပဲ...''

လင်းဘထျန်က အေးစက်စက်ဖြင့်ဝင်ပြောသည်။

တချို့သောကောင်းကင်သားတော်များကလည်း ချူခွမ်းရန်ကို ကြမ်းတမ်းစွာပြောဆိုနေကြသည်။တချို့ကမူရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့်ကြည့်နေကြသည်။

လူအုပ်က ကွဲထွက်သွားသည့်အချိန်မှလီချင်းချန်က သူ့ဆီကိုလျှောက်လာကာ လေးစားစွာဖြင့်ပြောသည်။

“အစ်ကိုချုကတကယ်အသိအမှတ်ပြုစရာပဲ...မင်းသမီးလင်လုံကတောင် အစ်ကိုရဲ့ဆွဲဆောင်မှုအောက်က မလွှတ်မြောက်နိုင်ဘူး...''

ချူခွမ်းရန်က သူ့မေးစေ့ကိုင်ကာရပ်မြဲရပ်နေသည်။

'' အစ်ကိုလီ မင်းသမီးလင်လုံက ငါ့ကိုဒုက္ခတွေတမင်ပေးသွားတယ်လို့ထင်တယ်...''

'' ဟမ် ဒါဘယ်လိုဖြစ်နိုင်မှာလဲ... ကျွန်တော်လည်းမိန်းကလေးတစ်ယောက်ဆိုရင် အစ်ကိုချူဆီမှာ အညို့ခံရမှာပဲ...''

လီချင်းချန်ကပြန်ပြောသည်။

'' အဲ့တာကိုမေ့လိုက်တော့...ဒီမှာရပ်လိုက်ကြတာပေါ့၊ အခုနေစရာ နေရာတစ်ခု အရင်ရှာရမယ်၊ စကားကနောက်မှပြောလည်းရတယ်...''

သူတို့သည် စိမ်ခံစားသောက်ဆိုင်တစ်ခုကိုတွေ့ရှိခဲ့ကြပြီး ထိုနေရာတွင်ပင် ဝင်တည်းလိုက်ကြသည်။

ညဘက်ရောက်သောအခါ လီချင်းချန်က ချူခွမ်းရန်ကို မင်းသမီးလင်လုံ၏ ညစာစားပွဲကိုတက်ရောက်ရန် ကျွန်းတစ်ထောင်ရေကန်သို့ခေါ်ဆောင်သွား၏။

ကျွန်းတစ်ထောင်ရေကန်...နာမည်အတိုင်းပင်ထိုရေကန်မှာ အလွန်ကျယ်ဝန်းပြီး ကျွန်းပေါင်းများစွာပါရှိ၏။ထိုကြောင့်ပင် ကျွန်းတစ်ထောင်ရေကန်ဟုခေါ်ဆိုခြင်းဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Hikayelerin yaşadığı yer. Şimdi keşfedin