အပိုင်း ၃၇၂ အင်ပါရီယန်လျှောက်လှမ်းသူကိုးဦးအားအနိုင်ယူခြင်း

450 51 1
                                    

အပိုင်း ၃၇၂ အင်ပါရီယန်လျှောက်လှမ်းသူကိုးဦးအားအနိုင်ယူခြင်း၊ ကောင်းကင်ရွှေအင်ပါယာခန္ဓာကိုယ်ထွက်ပေါ်လာခြင်း...

ဝုန်း...ဝေါ...။

ပြင်းထန်သောတိုက်ပွဲစိတ်ဆန္ဒများနှင့်အတူ အကန့်အသတ်မရှိရက်စက်ကြမ်းကြုတ်သော ရက်စက်ချီများသည် ချူခွမ်းရန်၏ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာပြီး သူ၏အနောက်ဘက်တွင် အနက်ရောင်ပုံရိပ်တစ်ခုဖြစ်တည်လာ၏။ထိုအချိန်တွင် ကျယ်လောင်စူးရှသောအော်ဟစ်သံများက ထိုနယ်မြေတစ်ခုလုံးတွင်ပဲ့တင်ထပ်လေသည်။

    ချူခွမ်းရန်က သူ၏အမှားကင်းစင်သောအငြိုးအတေးဝိညာဥ်တာအိုခန္ဓာကိုဆင့်ခေါ်လိုက်ခြင်းဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော တာအိုစည်းချက်ပုံစံမျိုးစုံက ချူခွမ်းရန်ကိုလှည့်ပတ်လာ၏။ထိုအထဲတွင် ဓားတာအို၊ လှံတာအို၊ ဗုဒ္ဓတာအိုနှင့် တခြားတာအိုအမျိုးအစားပေါင်းများစွာပါဝင်လေသည်။

ထိုတာအိုစည်းချက်များအားလုံးအတူတကွပေါင်းစည်းကာ အလွန်ကြီးမားသောစွမ်းအားတစ်ခုဖြစ်တည်လာလေသည်။

၄င်းသည် ထူးကဲသောပေါင်းစပ်မှုတာအိုခန္ဓာကိုယ်ပင်ဖြစ်၏။

ထိပ်တန်းတာအိုခန္ဓာသုံးခုကို တပြိုင်နက်တည်းထုတ်ဖော်လိုက်ရာ ၄င်းမှထုတ်လွှတ်နေသော စွမ်းအားမှာကြီးမားလွန်းသဖြင့် အင်ပါရီယန်တောင်ထိပ်တစ်ခုလုံးတုန်ခါလာလေသည်။အင်ပါရီယန်လျှောက်လှမ်းသူအားလုံးမှာ ထိုနေရာမှဆုတ်ခွာရန်ဖိအားပေးခံလိုက်ရ၏။

'' မင်းတို့ရဲ့ စွမ်းအားတွေကိုထုတ်ဖော်ပြသပြီးပြီဆိုတော့၊ အခုငါ့အလှည့်ပဲ...''

ချူခွမ်းရန်က တည်ငြိမ်စွာဆိုသည်။

သူ၏ပတ်ပတ်လည်ကို တစ်ချက်အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ချူခွမ်းရန်က ကျန်းလုံကိုအာရုံစိုက်လိုက်ပြီး လက်သီးနည်းစနစ်တစ်ခုဖြင့် ထုတ်လွတ်တိုက်ခိုက်လိုက်၏။

   အကန့်အသတ်မရှိရက်စက်သော ရက်စက်ချီနှင့်ထူးကဲသောပေါင်းစပ်မှုတို့ရောယှက်သွားသောစွမ်းအားသည် ကျန့်လုံကိုကြီးစွာတုန်လှုပ်စေသည်။သူက တိုက်ပွဲကြွေးကြော်သံတစ်ခုပြုလိုက်ပြီး ဖုတ်ပူမီးတိုက်ပြန်လည်တိုက်ခိုက်လိုက်လေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Dove le storie prendono vita. Scoprilo ora