251-255

658 51 1
                                    

အပိုင်း ၂၅၁ ကျမ်းစာ‌တိုက် သို့၊ ဓမ္မာရုံခေါင်းဆောင်ရှရှင်း၊ သွား ဆွဲထုတ်လာခဲ့...

'' ဒီကလေးက...ဗုဒ္ဓအသိပညာတွေကိုနက်နက်နဲနဲနားလည်နေတာပဲ...တကယ်အံ့ဩစရာကောင်းတယ်...''

'' ငါကတော့ အဲ့ဒီအဆင့်ကိုနီးတောင်မနီးစပ်ဘူး...''

'' သူသာ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်အဖြစ်မွေးဖွားလာရင်...သေချာပေါက်နောက်ထပ်ဗုဒ္ဓတစ်ပါးဖြစ်လာမှာသေချာတယ်...''

မိုးကြိုးဘုရားကျောင်း၏ပညာရှင်များက ချူခွမ်းရန်နှင့်တိုးတိတ်စွာဆွေးနွေးနေကြ၏။ သူတို့သည် ချူခွမ်းရန်ပြောလိုက်သော အသိပညာများကြောင့်အကျိုးကျေးဇူးများစွာရရှိခဲ့သည်မှာ သိသာထင်ရှားနေသည်။

သူတို့သည် ဗုဒ္ဓလမ်းစဥ်ကိုနှစ်ပေါင်းများစွာထိုးထွင်းသိမြင်လာခဲ့ပြီးသားဖြစ်ကာ သူတို့၏ဗုဒ္ဓလမ်းစဥ်အပေါ်နားလည်သဘောပေါက်မှုကို မည်သူကမှမေးခွန်းထုတ်စရာမလိုချေ။သို့သော် ယခုချူခွမ်းရန်၏သာမန်စကားတစ်ခွန်းနှစ်ခွန်းက သူတို့၏စိတ်များကိုရှင်းလင်းသွားစေပြီး ဗုဒ္ဓလမ်းစဥ်အားပိုမိုရိုးရှင်းစွာရှုမြင်လာစေသည်။

ချူခွမ်းရန်၏ ဗုဒ္ဓသမ္ပတ္တိက ထိုပညာရှင်များထက်များစွာသာလွန်ခဲ့ပြီဖြစ်သည်။

....

လဲလှယ်မှုအပြီးတွင် ဆရာတော် ဟွေရှင်းက ချူခွမ်းရန်အတွက် သူတို့၏ဗုဒ္ဓကျမ်းစာတိုက် ကိုဖွင့်ပေးခဲ့သည်။

ကျမ်းစာတိုက်ထဲကိုရောက်သည်နှင့် ချူခွမ်းရန်က တုံ့ဆိုင်းမနေပဲ အမျိုးမျိုးသော ဗုဒ္ဓနည်းစနစ်များကိုလေ့လာဖတ်ရှု့လိုက်၏။သူက ဗုဒ္ဓစာပေများကိုတော့ လုံးဝလစ်လျူရှု့ထားသည်။

သူ့ကို လမ်းပြပေးသည့်ရဟန်းငယ်လေးက ထိုအခြင်းအရာကိုမြင်သောအခါ မျက်မှောင်မကြုတ်ပဲမနေနိုင်အောင်ဖြစ်ရသည်။

ဗုဒ္ဓနည်းစနစ်များအားလုံးသည် ထူးခြားသောသိုင်းနည်းစနစ်များဖြစ်ကြသည်မဟုတ်ပါလား...။ဗုဒ္ဓစာပေများကိုမလေ့လာပဲ မည်သူကမှထိုဗုဒ္ဓနည်းစနစ်များကိုကျင့်ကြံနိုင်မည်မဟုတ်ချေ။ကျင့်ကြံနိုင်ခဲ့ရင်တောင်မှ အလွန်တရာမှခက်ခဲလိမ့်မည်ဖြစ်ချေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now