အပိုင်း ၃၃၂ ကြောက်မက်ဖွယ်ခေါင်းမဲ့အမျိုးသမီး၊ အကြေးခွံဘုရင်၏ဒေါသ...

502 50 0
                                    

အပိုင်း ၃၃၂ ကြောက်မက်ဖွယ်ခေါင်းမဲ့အမျိုးသမီး၊ အကြေးခွံဘုရင်၏ဒေါသ...

'' သူမရောက်လာပြီ...''

ချူခွမ်းရန်က အကြေးခွံမျိုးနွယ်ဝင်များကို ဒေါသတကြီးသတ်ဖြတ်နေသော ခေါင်းမဲ့အမျိုးသမီးကိုမြင်သောအခါ အလွန်တုန်လှုပ်ချောက်ချားသွား၏။ဆိုလိုသည်က အကြေးခွံအမျိုးသမီးသည် သူမ၏ဦးခေါင်းကိုဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

ချုခွမ်းရန်က သူမ၏ဦးခေါင်းကိုချိတ်ပိတ်ထားပြီးဖြစ်သော်လည်း ခေါင်းမဲ့အမျိုးသမီးက သူမ၏ဦးခေါင်းကိုအာရုံခံနိုင်သေးပုံရသည်။

'' သောက်ခွေး...ဒါကဘယ်လိုသတ္တဝါမျိုးလဲ...''

'' ဘာကြောင့်ဒါကြီးကိုသတ်လို့မရတာလဲ၊ ပြီးတော့ သူကခေါင်းမရှိပဲ ဘာလိုရွေ့လျားနိုင်သေးတာလဲ...''

'' သူက ငါတို့ရဲ့မျိုးနွယ်စုဝင်တွေဆီက အသက်စွမ်းအားအဆီအနှစ်တွေကိုစုပ်ယူနေတယ်၊ မြန်မြန် အဲ့ဒီမကောင်းဆိုးဝါးကိုသတ်စမ်း...''

အကြေးခွံမျိုးနွယ်စုဝင်များက ထိုခေါင်းမဲ့အမျိုးသမီးကိုမည်မျှပင်တိုက်ခိုက်စေကာမူ ထိုအမျိုးသမီးအနားကပ်သွားသည်နှင့် ခြောက်သွေ့သည်အထိစုပ်ယူခြင်းခံရသည်သာဖြစ်သည်။

ပညာရှင်များသည်ပင် သူမကိုထိခိုက်အောင်မလုပ်နိုင်ပေ။

'' သမုဒ္ဒရာဖျက်စီးခြင်းလက်ဝါး...''

အကြေးခွံပညာရှင်တစ်ယောက်က ထိုအမျိုးသမီးရှေ့တွင်ရုတ်တရက်ပေါ်လာပြီး သူ၏ဝိညာဥ်စွမ်းအားများနှင့် တာအိုစည်းချက်များကိုအသုံးပြုကာ လက်ဝါးနည်းစနစ်တစ်ခုဖြင့်တိုက်ခိုက်လိုက်၏။

ထိုလက်သီးသည် ပင်လယ်သမုဒ္ဒရာတစ်ခုလုံးကို ချေမှုန်းပစ်နိုင်သည်အထိ အဖျက်စွမ်းအားပြင်းထန်၏။

ထိုလက်ဝါးနည်းစနစ်က ခေါင်းမဲ့အမျိုးသမီးနှင့်တဖြည်းဖြည်းနီးကပ်လာသော်လည်း သူမကမည်သည့်နည်းစနစ်ကိုမှအသုံးမပြုချေ။ထို့အစား လက်ကိုမြောက်ရုံသာမြောက်လိုက်ရာ တစ်ခဏအတွင်းမှာပင် အကြေးခွံပညာရှင်၏နည်းစနစ်က လုံးဝအမှုန့်ဖြစ်သွားလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now