အပိုင်း ၇၇ မရေတွက်နိုင်သော နည်းစနစ်များကို ဓားတစ်ချက်ဖြင့် အနိုင်ပိုင်းခြင်း

608 53 0
                                    

အပိုင်း ၇၇
မရေတွက်နိုင်သော နည်းစနစ်များကို ဓားတစ်ချက်ဖြင့် အနိုင်ပိုင်းခြင်း၊ ဒဏ္ဍာရီလာ စိတ်ဝိညာဥ်ကြည်လင်ခြင်း ကမ္မဌာန်းစျာန်

ကြာဖြူကျောင်းတော်အတွင်းရှိ ပွဲကြည့်စင်ထဲတွင်...

ကြာဖြူမိန်းမပျိုသည် ချူခွမ်းရန်နှင့် အတူ လုံးလုံးလျားလျား တိတ်ဆိတ်စွာ ဒူးတုပ်ထိုင်နေရင်း သူမ၏ တာအိုစည်းချက်များက သူမပတ်လည်ရှိ လေထုကို ထူထဲလာစေခဲ့သည်။ တဖြည်းဖြည်းဖြင့် ချူခွမ်းရန်၏ခန္ဓာကိုယ် နားတွင် တာအို စည်းချက် ကြိုးတစ်ချောင်း ဖြစ်ပေါ်လာ၏။

ထုံးစံအတိုင်းပင်၊ သူ၏ တာအိုစည်းချက်များသည် မကြုံစဖူး ထက်မြက်ပြီး စွမ်းအားပြည့်ဝသည်။
ထိုဟာက နတ်ဓား၏ ဂုဏ်ကျက်သရေ နှင့် ဆင်တူ၏။

တာအို စည်းချက်များ၏ မတူညီသော ကြိုးနှစ်ချောင်းသည် လေထဲသို့ ဖြတ်သွားကာ တစ်ခုနှင့် တစ်ခု တိုက်ရိုက်ပင် ထိပ်တိုက် တွေ့ဆုံကြသည်။

“၎င်း က ကြာဖြူကျောင်းတော် ကျင့်သုံးသော နာမည်ကျော် နည်းစနစ် သုံးခုပင်။ ၎င်းတို့က ထိပ်တန်း ကြာဖြူဓမ္မတေးသံ၊ သန့်စင်ခြင်း အလင်းနှင့် သက်တန့်ဖြူစီးကြောင်း တို့ ဖြစ်တယ်”

“ အစ်ကို ချူ၊ ငါ့ရဲ့ သက်တန့်​ဖြူစီး‌ကြောင်းကို ပထမဆုံး တွေ့ဖူးသူ ဖြစ်တဲ့အတွက် လွန်လွန်ကဲကဲ တောင်းဆိုပါရစေ”

ကြာဖြူမိန်းမပျိုက တည်ငြိမ်စွာ ပြောလိုက်သည်။

ပြီးနောက်၊ ကြာဖြူမိန်းမပျို ၏ တာအို စည်းချက်များသည် လေထဲတွင် အရိုင်းဆန်ဆန် လှည့်ပတ်လာ၏။ ရုတ်တရက်ပင်၊ ၎င်းက ချူခွမ်းရန်ကို လက်နှစ်ဖက်ဖြင့် တိုက်ခိုက်လာသော ရုပ်သဏ္ဠာန် အဖြစ်သို့ ပြောင်းသွားသည်။

ထို ဖြစ်စဥ်ကို မြင်သောအခါ လူအုပ်ကြီးက အံ့သြသွား၏။

“ ဒီလို အဆင့်မျိုး သက်တန့်ဖြူစီးကြောင်း နည်းစနစ်ကို ကျွမ်းကျင်နေဖို့ သူမက တကယ့်ကို ကြာဖြူမိန်းမပျို ဖြစ်ထိုက်တယ်။ သူမရဲ့ ကျွမ်းကျင်မှုတွေက အကြီးအကဲ တွေထက် သာလွန်နေရင်တောင် ငါ အံ့သြမိမှာ မဟုတ်ဘူး”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora