အပိုင်း ၃၈၇ ကျုပ် ဒီကမ္ဘာကြီးကို မနည်း သည်းထားရတာ

447 39 0
                                    

အပိုင်း ၃၈၇  ကျုပ် ဒီကမ္ဘာကြီးကို မနည်း သည်းထားရတာ၊ ငါ မင်းကို ထပ်သည်းမခံနိုင်တော့တာ သေချာတယ်၊ မြွေနတ်ဘုရားကို သတ်ဖြတ်ခြင်း

မြွေနတ်ဘုရားသည် သမုဒ္ဒရာမျက်နှာပြင်မှ ထွက်ပေါ်လာပြီး ကောင်းကင်၌ အရိပ်ကြီးတစ်ခု ထင်းနေ၏။

    ပင်လယ်ကျွန်းစုသုံးဆယ့်ခြောက်ခုမှ နေထိုင်သူများက ဂုဏ်ပြုသီချင်းများ သီဆိုနေကြသည်။

“ ဒါက မြွေနတ်ဘုရားပဲ”

သို့ရာတွင်၊ တစ်ခုခုလွဲနေကြောင်း သူတို့ သိလိုက်ရသည်။

    ၎င်းက သနားစရာကောင်းလွန်းနေ၏။
မြွေနတ်ဘုရားကား စုပ်ပြတ်သတ်နေသည်။ ၎င်း၏ အကြေးခွံများက ကွဲအက်နေပြီး၊ ၎င်း၏ ခန္ဓာကိုယ်၌ အမာရွတ်များပြည့်နှက်နေကာ သွေးများလည်း ပြင်းထန်စွာ စီးကျနေသည်။

နေထိုင်သူများသည် မြွေနတ်ဘုရား၏ ဤကဲ့သို့ အခြေအနေကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ရာ အံ့အားသင့်နေကြသည်။

၎င်းကို ဘယ်သူလုပ်ခဲ့သနည်း။ မြွေနတ်ဘုရားနှင့် တိုက်ခိုက်နေသော ချူခွမ်းရန် ဖြစ်နိုင်၏။

ဒေသခံများက မယုံကြည်နိုင်ဖြစ်နေသည်။ ချူခွမ်းရန်က မြွေနတ်ဘုရားအား ဤမျှ ကြီးမားသောပျက်စီးဆုံးရှုံးမှု ဖြစ်စေခဲ့သည်။

“ သူ ဘာလုပ်ခဲ့တာလဲ”

သိမ်းငှက်နှာခေါင်းနှင့်လူအိုကြီးက ငုံ့ကြည့်လိုက်သည်။ သူသည် မြွေနတ်ဘုရား၏ စွမ်းအားဖြင့် ချူခွမ်းရန်ကို သတ်ရန် ရည်ရွှယ်ခဲ့သည်။ သို့ရာတွင်၊ သူက အမှားကြီးတစ်ခု ကျူးလွန်ခဲ့ပုံရသည်။

ချူခွမ်းရန်ကို မသတ်နိုင်ဘူးဟု မထင်ထားသော်လည်း မြွေနတ်ဘုရားသာ သေလုဆဲဆဲ ဖြစ်နေ၏။

ချူခွမ်းရန်က အမှန်တကယ် ကြောက်ဖို့ကောင်းသည်လား။

ဘုန်း...

ထိုအချိန်တွင်၊ သမုဒ္ဒရာတုန်ခါသွားသည်။
မျက်နှာပြင်မှ ဧရာမစုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းအပေါ်တွင် သုံးခွခက်ရင်းတစ်ခုကို ကိုင်ဆောင်ထားသော ချူခွမ်းရန် ရှိနေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now