အပိုင်း ၅၅ ထူးခြားဆန်းကြယ်သော မီးခိုးရောင်မြူ၊ အမှောင်သုံးပါးပျက်စီးခြင်းဖုန်မှုန့်၏စွမ်းအား
ထိုဓားအလင်းတွင် ပြိုင်ဘက်ကင်းပြီး ကြမ်းကြုတ်ရက်စက်သော ထိုးစစ်အင်အားများ ပါဝင်နေသည်။
ထိုဓားအလင်းကိုမြင်သောအခါ လိုင်အိုက မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူသည် သူ၏တောင်ပံများကို ခတ်လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးလှိုင်းလုံးကြီးများ ကိုထုတ်လွှတ်ကာ ဓားအလင်းကိုပိတ်ဆို့လိုက်သည်။
သူကမယုံနိုင်သေးပေ။
ဘာလို့ချူခွမ်းရန်ရဲ့စွမ်းအားက ဒီအတိုင်းရှိနေသေးရတာလဲ...။
သူရဲ့စွမ်းအားက ချူခွမ်းရန်အပေါ် ဘာလို့ အကျိုးသက်ရောက်မှု မရှိရတာလဲ...။
'' ဘာတွေဖြစ်နေတာလဲ...''
လိုင်အိုက မည်မျှပင်စဥ်းစားဖော်ထုတ်စေကာမူ မဟာတာအိုခန္ဓာကိုယ်များထက် သာလွန်သော စွမ်းရည်တစ်ခုမှလွဲ၍ တွေးမရပေ။၄င်းကို အင်မော်တယ် ခန္ဓာကိုယ်ဟုခေါ်၏။
လိုင်အို၏အနက်ရောင်မိုးကြိုးများသည် ချူခွမ်းရန်ကို အမှန်ပင် အကျိုးသက်ရောက်မှုရှိသည်။ တချို့လျှပ်စီးများသည် သူ၏ကိုယ်အတွင်းအင်္ဂါများကိုပင် ထိခိုက်စေခဲ့သည်။
သို့သော် သူ၏အင်မော်တယ် ခန္ဓာကိုယ်က ချက်ချင်းပင်ပြန်လည် ကုသသွားခဲ့၏။
'' ငါက တကယ့်အင်ပါယာငယ်တစ်ပါးပါလို့ မင်းမပြောခဲ့ဘူးလား...''
ချူခွမ်းရန်ကတွေးလိုက်သည်။
သူတောင်ပေါ်မှ ဆင်းလာကတည်းက သူ့ကိုထိခိုက်ဒဏ်ရာရစေသောသူ တစ်ဦးမှမရှိသေးပေ။ တိမ်ဖြူမြို့တော်မှ စစ်ပွဲဧကရာဇ်အဆင့်ကျင့်ကြံသူများ အပါအဝင်ဖြစ်သည်။
သို့သော် မယုံကြည်နိုင်လောက်အောင်ပင် လိုင်အိုက လုပ်နိုင်ခဲ့၏။
'' တိရိစ္ဆာန်တစ်ကောင်အနေနဲ့ဆိုရင်မဆိုးပါဘူး...ဒါပေမဲ့ တိရိစ္ဆာန်က တိရိစ္ဆာန်ပဲဖြစ်သင့်တယ်...''
သူ၏ဓားတာအိုစည်းချက်များသည် တဟုန်းဟုန်းတောက်လောင် လျှံထွက်နေပြီး သူ၏ဝိညာဥ်စွမ်းအားများကို နှိုးဆွလိုက်ကာ ရွှေကျောက်စိမ်းခန္ဓာကို ထုတ်ဖော်လိုက်သည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...