အပိုင်း ၃၄၁ သတ္တမအဆင့် မဟာပညာရှင်တစ်ဦးနဲ့ တိုက်ခိုက်ခြင်း

516 49 0
                                    

အပိုင်း ၃၄၁  သတ္တမအဆင့် မဟာပညာရှင်တစ်ဦးနဲ့ တိုက်ခိုက်ခြင်း၊ စွမ်းအားကြီး အင်မော်တယ်ခန္ဓာကိုယ်

အခြေမဲ့ချောက်နက်မှ လူတစ်ယောက်ထွက်လာသည်တွင် ကြေးခွံဘုရင်က အံ့သြသွားသည်။

ထိုလူအား သူ အသိအမှတ်ပြုလိုက်၏။
အမှန်တွင်၊ ထိုလူကိုင်ဆောင်ထားသော ရွှေရောင်သုံးခွခရင်းနှင့် သူပိုပြီး ရင်နှီးပေသည်။ ပင်လယ်ဘုရင်၏ သုံးခွမှိန်း ကဲ့သို့ပင် ၎င်းသည် မျိုးနွယ်သမိုင်းတွင် ဖော်ပြထားသော ဒဏ္ဍာရီလာ လက်နက်များထဲမှ တစ်ခု ဖြစ်၏။

ရွှေရောင် သုံးခွခရင်းကို ကိုင်ဆောင်ထားသော ပိုင်မင်ရှို့သည် ကြေးခွံမျိုးနွယ်အတွင်း မကြံစဖူးထူးကဲသော ပါရမီရှင်တစ်ဦး ဟု ဆိုနိုင်သည်။ ရွှေရောင် သုံးခွခရင်း၏ စွမ်းအားပြည့်ကို သူသာလျှင် အသုံးချနိုင်စွမ်းရှိပြီး ပိုင်မင်ရှို့ထွက်သွားသောအခါ နတ်ဘုရားလက်နက်ကိုလည်း တစ်ပါတည်း ယူဆောင်သွားသည်။

၎င်းသည် နောက်ပိုင်းတွင် ကြေးခွံဘုရင်မျိုးဆက်များစွာကို မပျော်မရွှင်ဖြစ်စေသော်လည်း လက်ရှိ ကြေးခွံဘုရင်သည်ကား သူ့ဘိုးဘေးလက်ထဲရှိ လက်နက်ကို မြင်ရာ သက်တောင့်သက်သာ ခံစားရသည်။

ပိုင်မင်ရှို့ ဤနေရာတွင် ရှိနေသရွှေ့ ချူခွမ်းရန် သေဆုံးမှာ သေချာလေသည်။

အနည်းဆုံး ... ကြေးခွံဘုရင်က ဤသို့ တွေးနေ၏။

“ ပိုင်မင်းရှို့၊ ကြေးခွံမျိုးနွယ်၏ စတုတ္တမြောက်ဘုရင်၊ မဟာ အခြေမဲ့ချောက်နက်၌ နေထိုင်သူ ခုနှစ်ဦးထဲမှ တစ်ဦး။ သူသည် သတ္တမအဆင့် အထွတ်အထိပ် မဟာပညာရှင်တစ်ဦးဖြစ်ပြီး အင်ပါယာနည်းစနစ်၏ မပြည်စုံသောပုံစံဖြစ်သည့်... မြောက်ပင်လယ်ရေနက်ပိုင်းဒီလှိုင်းဂယက် ကို ကျင့်ကြံထားသည်၊ ပညာရှင်အုပ်စိုးသူ နည်းစနစ်... သမုဒ္ဒရာဖျက်ဆီးခြင်း သုံးခွမှိန်း၊ ပညာာရှင်အုပ်စိုးသူ နည်းစနစ်...”

ချူခွမ်းရန်က သူ၏ သိမြင်မှုမျက်လုံးကို အသက်သွင်းပြီး ပိုင်မင်ရှို့၏ နောက်ခံကို စီစစ်လိုက်သည်။

သတ္တမအဆင့် အထွတ်အထိပ် မဟာပညာရှင်လော။
ချောက်နက်ကြီး...။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now