96 - 100

713 56 1
                                    

အပိုင်း ၉၆ ဒီလူတွေဘယ်သွားကြတာလဲ၊ ထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့တွေးကြည့်စမ်းပါ

​​မြောက်များစွာသော နတ်ဆိုးကျင့်ကြံသူတို့သည် လေထုအလယ်တွင် ကြွက်သားတစ်ခုတောင်မှလှုပ်ရှားမရပဲ တို့းလို့တန်းလန်းဖြစ်နေကြသည်။

ဟင်းလင်ပြင်စွမ်းအားကိုကြိုးကိုင် ခြယ်လှယ်ခြင်းသည် နိဗာနအဆင့်နှင့် အထက် ကျင့်ကြံသူများသာ တတ်နိုင်သော အရာဖြစ်ပြီး ထိုရိုးရှင်းသောလှည့်ကွက်လေးသည် ရွှေအမြုအဆင့် ကျင့်ကြံသူများ ကိုင်တွယ်နိုင်သော အရာမဟုတ်ပေ။သူတို့အားလုံးသည် ထိန်းချုပ်မရအောင် ထိတ်လန့်နေကြသည်။

စကားတစ်ခွန်းမှ ပြောဆိုမနေပဲ ချူခွမ်းရန်သည် သူ၏လက်ကို မြောက်ကာ အငမ်းမရဝါးမျိုခြင်း နည်းစနစ်ကိုထုတ်ဖော်လိုက်သည်။

နတ်ဆိုးကျင့်ကြံသူများသည် ချက်ချင်းပင် ဝါးမျိုစားသောက်ခြင်း ဒိုင်မေးရှင်းငယ်ထဲသို့ စုပ်ယူခံလိုက်ရပြီး နာကျင်မှုသည် သူတို့၏အသွေးနှင့်အသားများကို ထိုးဖောက်ဝင်ရောက်လာခဲ့သောကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံတို့်သည် အာကာသတစ်ခွင်ကို ပျံံလွင့်သွားလေတော့သည်။

ဝှစ်...။

လန်ယုသည် ကောင်းကင်ပေါ်မှ ချူခွမ်းရန်အနီးသို့ဆင်းသက်လာ၏။ သူမ၏ကိုယ်မှ သတ်ဖြတ်ခြင်းအငွေ့အသက်များဖြာထွက်နေ၏။

'' ကျန်တဲ့သူတွေကို ဖြေ ရှင်းလိုက်ပါပြီ သခင်...''

'' ကောင်းပြီ...သွားကြတာပေါ့...''

လန်ယုက ညင်သာစွာခေါင်းညိတ်လိုက်သည်။

'' ကျုပ်တို့ရဲ့ကယ်တင်ရှင်ကြီးကို ကျေးဇူးတင်ပါတယ်...''

သူတို့၏ဘေးတွင် ပြည်သူပြည်သားများက ကျယ်လောင်စွာအော်ဟစ်၍ကောင်းချီးပေးနေကြ၏။

သို့သော်ချူခွမ်းရန်က တစ်ချက်မှနောက်ပြန်မလှည့်ကြည့်ပေ။ သူက မြောင်ပိုင်းလင်းတောင်စီရင်စုထဲသို့ဝင်ရောက်လာကတည်းက ဤကဲ့သို့သော မြင်ကွင်းကိုအသားကျနေပြီဖြစ်သည်။

ရွာမှထွက်ခွာပြီးနောက် ချူခွမ်းရန်က မြောက်ပိုင်းလင်းတောင် သို့ထွက်ခွာခဲ့သည်။ထိုနေရာတွင် ပညာရှင်ကျင့်ကြံခြင်းနယ်မြေများမှ ကောင်းကင်သားတော်များ စုစည်းနေကြပြီဖြစ်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now