266-270

701 53 5
                                    

အပိုင်း ၂၆၆ မင်း ရှန်ကလန်ကို ဦးဆောင်လိုပါသလား၊ ပိုင်မိသားစု အင်ပါယာငယ်၏ ကြောက်ရွံ့မှု

  ချီးပဲ...
  လိ့ပါကွာ...

  ဒီအရူးကောင်ရဲ့ အမြီးကိုသွားဆွဲမိသွားတာနှင့် ဘယ်လိုလုပ် အဆုံးသတ်သွားတာလဲ။
ပဥ္စမမြောက် ပိုင်ဘိုးဘေးက လုံးဝ ကြေကွဲနေလေသည်။

အဖြူရောင်ဝတ်စုံ၊ ဓားရှည်တစ်ချောင်း၊ ဒီလိုရုပ်ရည်သွင်ပြင်နှင့် အော်ရာ၊ ငွေရောင်ဆံပင်ရှိသော မိန်းကလေးအဖော် ပြီးတော့ မျိုးရိုးနာမည် ချူ...။

ထို့အပြင်၊ သူ့ရှေ့မှသူသည် သူ့ကို အချိန်မရွေးချေမှုန်းနိုင်သည်ဟူသော ခံစားချက်လည်း ရ၏။
ပဥ္စမမြောက် ပိုင်ဘိုးဘေးသာ ထိုပုဂ္ဂိုလ်က မည်သူနည်းဆိုတာ မခန့်နိုင်လျှင် မျက်ကန်းသာ ဖြစ်ပေလိမ့်မည်။

ထိုလူကား ... ချူခွမ်းရန် ဖြစ်ရပေမည်။

ချူခွမ်းရန်သည် သူတို့၏ ပညာရှင်ကို သတ်ဖြတ်ပြီး ရှန်ကလန်၏နယ်မြေတွင် အဘယ်ကြောင့် ပေါ်လာသေးသည်ကို သူမသိသော်လည်း ချူခွမ်းရန်က ရှန်ချင်းရွယ်ကို ကာကွယ်ရန် စိတ်အားထက်သန်နေသည်မှာ ထင်ရှား၏။ သူ့အမူအရာက ပိုပြီး သိသာထင်ရှားလေသည်။

ပဥ္စမမြောက် ပိုင်ဘိုးဘေးက ဘာများ လုပ်နိုင်တော့မည်နည်း။

တစ်ခုတည်းသော ရွေးချယ်စရာကား ရှန်ချင်းရွယ်ကို နာခံမှုရှိရှိ လက်လွတ်ရုံသာ ဖြစ်သည်။

  “ ညီလေးချူ၊ မင်းဒီမှာရှိတာကို ငါတကယ် မသိသလို မင်းနဲ့ ဒီမိန်းကလေးတို့ ဆက်ဆံရေးကိုလည်း မသိခဲ့ပါဘူး။ ကျေးဇူးပြု၍ ငါ့တောင်းပန်မှုကို လက်ခံပါ”
ပဥ္စမမြောက် ပိုင်ဘိုးဘေးက သူ့ကိုယ်ကို ကိုင်းလိုက်သည်။

၎င်းက လူများစွာကို ထိတ်လန့်စေသည့် မြင်ကွင်းပင်ဖြစ်လေသည်။

ပိုင်ဖန်းသည် အလွန်စိတ်ရှုပ်သွား၏။
“ ပဥ္စမမြောက် ဘိုးဘေး၊ မင်းဘာလုပ်နေတာလဲ။ ဒီလူက အရှိန်အဝါကြီးလို့လား”

“ သောက်ရူး”

ထိုအချိန်တွင်၊ ပဥ္စမမြောက် ပိုင်ဘိုးဘေးသည် ပိုင်ဖန်းအား ‌ဒေါသတကြီး အော်ဆဲလိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now