246-250

751 55 0
                                    

အပိုင်း ၂၄၆ ပညာရှင်အုပ်စိုးသူ အငြိုးအတေးဘီလူး၊ ဝတ်ရုံဖြူဝတ်ဗိုလ်ကြီး လုပ်ဆောင်မှု၊ မူလကနဦးရက်စက်ချီသလင်းကျောက်

ချူခွမ်းရန်က အဝေးသို့ စူးစိုက်ကြည့်လိုက်သည်။
အနက်ရောက်ဝတ်အဘိုးအိုထက်အဆပေါင်းများစွာသန်မာသော ရက်စက်ခြင်းချီများက သူ့နားတွင် ထွက်ပေါ်နေပြီး လေထဲမှ သူ့ဆီလာသည့်  အရပ်သုံးမီတာပတ်လည် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
၎င်းက ခမ်းနားပုံရသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ သူ၏ သုံးမီတာရှည်သောကိုယ်က ဘီလူးတစ်ကောင်ကဲ့သို့ ဖြစ်စေပြီး ပြင်းထန်သည့်ရက်စက်ခြင်းချီနှင့် တွဲဖက်လိုက်ရာ ချူခွမ်းရန်သည် သူတစ်ခါမှ မခံစားဖူးသော ဖိအားကြီးတစ်ရပ်အား ခံစားရလေသည်။
သူ့သိမြင်မှုမျက်လုံးကို အသက်သွင်းလိုက်ရာ သူ့မျက်လုံးများတွင် တာအိုရုန်းများ လှည့်ပတ်သွားသည်။
“ ပညာရှင်အုပ်စိုးသူ အငြိုးအတေးဘီလူး၊ ရှေးဟောင်းစစ်မြေပြင်ရဲ့ ရက်စက်ခြင်းချီနဲ့ သေဆုံးသွားတဲ့ ပညာရှင်ရဲ့ ဒေါသချီပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အငြိုးအတေးဝိညာဥ်တစ်ကောင်ဖြစ်ပြီး၊ ရှေးဟောင်းစစ်မြေပြင်အုပ်ချုပ်သူသုံးယောက်ထဲမှ တစ်ယောက်။ ကြီးမားတဲ့ မူလကနဦးရက်စက်ချီပမာဏဟာ ပစ်မှတ်ရဲ့ ကိုယ်ထဲမှာ ရှိနေပြီးတော့ ငါတို့မှာထက် ဆယ်ဆ ပိုများတယ်...”
“ဆယ်ဆ...?”

ချူခွမ်းရန်သည် သူပိုင်ဆိုင်သော မူလကနဦး ရက်စက်ချီပမဏ၏ ဆယ်ဆကို စုပ်ယူနိုင်ခဲ့ပါက သူ့အငြိုးအတေးတာအိုခန္ဓာ ပြီးမြောက်မှုသည် ငါးဆယ်ရာခိုင်နှုန်းအထိ တိုးလာနိုင်၏။

တကယ်တော့၊ ၎င်းဟာ စိတ်ကူးယဥ်ဆန်သော တွေးခေါ်မှုမျှသာ ဖြစ်ပြီး လက်တွေ့မှာ စိတ်ပျက်စရာပင် ဖြစ်သည်။ သူ၏ ပြိုင်ဘက်က ပညာရှင်အုပ်စိုးသူ တစ်ယောက်ဖြစ်သောကြောင့် ချူခွမ်းရန်၏ သေးငယ်သောကျင့်ကြံခြင်းအဆင့်ကား သူ့အတွက် လုံးဝ ယှဥ်မပြိုင်နိုင်ချေ။
“ ရှေးဟောင်းစစ်မြေပြင်ထဲမှာ ပညာရှင်တစ်ယောက်ရှိတာ ငါမယုံနိုင်ဘူး။ ချီး၊ တကယ် အံ့အားသင့်စရာပဲ”
ချူခွမ်းရန်က တီးတိုးရေရွက်လိုက်သည်။
သို့ရာတွင်၊ ဒီအကြောင်း သူစဥ်းစားလေလေ၊ အဓိပ္ပာယ်ရှိသည်ဟု ခံစားရလေလေဖြစ်သည်။ မည်သို့ဆိုစေကာမူ၊ ၎င်းသည် ကောင်းကင်ကြယ်တာရာရှိ တားမြစ်နယ်မြေကြီးဆယ်ခုထဲမှ တစ်ခုဖြစ်သော ရှေးဟောင်းစစ်မြေပြင် မဟုတ်ပါလား။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now