အပိုင်း ၃၃၃ အငြိမ်းစားယူဖို့ စောလွန်းတယ်၊ အဓိပတိမြင့်မြတ်သခင်အဖြစ်သို့.....

540 47 0
                                    

အပိုင်း ၃၃၃  အငြိမ်းစားယူဖို့ စောလွန်းတယ်၊ အဓိပတိမြင့်မြတ်သခင်အဖြစ်သို့ အဆင့်တက်ခြင်း

  မကြာမီ၊ ချူခွမ်းရန်နှင့် အကြီးအကဲနှစ်ဦးက ကောင်းကင်နက်ဂိုဏ်းသို့ ပြန်ရောက်လာကြသည်။

   အကြီးအကဲများသည် ရောက်သည်နှင့်ချက်ချင်း သူတို့တဲအိမ်များသို့ ပြန်သွားပြီး စောင့်ဆိုင်းနေသော တောင်တန်းစောင့်ကြပ်သူများကိုပင် လျစ်လျူရှုခဲ့သည်။

   ချူခွမ်းရန်အတွက် ထိုတာဝန်များကို ကိုင်တွယ်ရန် ဝမ်းမြောက်ဝမ်းသာ အပ်နှင်းခဲ့၏။

   “ အငြိမ်းစားယူရတာ ပျော်စရာကောင်းပုံပဲ။ ငါလည်း အငြိမ်စားယူဖို့ အကြောင်းပြချက်အချို့ မရှာခင် နှစ်တစ်ထောင်လောက် အလုပ်ကြိုးစားခဲ့သင့်တယ်”
ချူခွမ်းရန်က တွေးတောလိုက်သည်။

ဂိုဏ်းချုပ်အများစုသည် ပညာရှင်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းပြီးသည်နှင့် အငြိမ်းစားယူလေ့ရှိ၏၊ ထိုအကြောင်းအရာကြောင့် ချူခွမ်းရန်လည်း အငြိမ်းစားယူရန် အချိန်ကြာတော့မည် မဟုတ်ချေ။

    ၎င်းက အဆင့်တက်ခြင်းမျှသာ မဟုတ်လော။ ဘယ်‌လောက် ခက်ခဲနိုင်မှာမို့လဲ။

ချူခွမ်းရန်သည် သက်ရှည်ခန်းမသို့ ရောက်ရှိသောအခါ စဥ်းစားနေမိ၏။

“ မင်္ဂလာပါ၊ ဂိုဏ်းချုပ်”

   အကြီးအကဲရူယန်က ချူခွမ်းရန်ကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

  “ အ့...၊ အကြီးအကဲရူယန်၊ ဒီနေ့ မင်း စိတ်ကောင်းဝင်နေပုံပဲ”

    ချူခွမ်းရန်သည် အကြီးအကဲရူယန်၏ မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို သတိထားမိလိုက်သည်။

    “ အကြီးအကဲရူယန်က ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း စိတ်ကောင်းတွေဝင်နေတယ်။ သူမက ချောမောတဲ့ လက်တွဲဖော်တစ်ဦး ရှာတွေ့ခဲ့တာ ဖြစ်နိုင်မလား”

    နောက်ထပ် အကြီးအကဲက ပြုံးရင်း ပြောသည်။

   ချူခွမ်းရန်က အနည်းငယ်အံ့သြသွား၏။ ဒီနှစ်ပေါင်းတစ်ထောင်ကြာ အပျိုပေါက်က နောက်ဆုံးတော့ စွံသွားပြီလား။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Nơi câu chuyện tồn tại. Hãy khám phá bây giờ