အခန်း ( ‌6 ) ကျုပ်တို့ရဲ့ အမုန်းတရားတွေကို သင်ပုန်းချေရအောင်

1.2K 122 4
                                    

မူရင်း စာစဉ်အမည် - ကျုပ်က ပြိုင်ဘက်ကင်း  ( Unparalleled after ten consecutive draws )
မူရင်းစားရေးသူ- Carefree Smile

အခန်း ( ‌6 ) ကျုပ်တို့ရဲ့ အမုန်းတရားတွေကို သင်ပုန်းချေရအောင်၊ ရွှေအမြုတေနယ်ပယ်သို့ ချိုးဖြတ်ပြီ

ကြာပွတ်ကိုကိုင်၍ 'အကိုကြီး.. ကျွန်မကို မြန်မြန်လရိုက်လှည့်ပါ'ဟု ပြောနေပုံရသည့် လီယောက်၏ မျက်နှာအမူအရာကိုကြည့်ကာ ချူခွမ်းရန် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ခါသွားခဲ့သည်။

ဒီလီယောက်က အသားနာတာကို ကြိုက်တာများလား။

အမှန်အတိုင်းဆိုရလျှင် ဤမူလခန္ဓာပိုင်ရှင်ကတော့ လီယောက်ကို နှလုံးသားထဲထိ နာကြည်းနေခဲ့သည်။ နောက်ဆုံးမှာတော့ သူဟာ သူမကြောင့် ဒဏ်ရာအပြင်းအထန်ရ၍ အိပ်ရာထဲတွင် နှစ်ရက်လောက်အထိ လဲသွားခဲ့သည် မဟုတ်ပါလား။

လက်ရှိချူခွမ်းရန်ဟာ မူခန္ဓာပိုင်ရှင်၏ မှတ်ဥာဏ်များကြောင့် လီယောက်အပေါ်၌ အကောင်းမြင်စိတ်တော့ မရှိပေ။

သို့သော်လည်း သူက မူလချူခွမ်းရန် မဟုတ်သောကြောင့် လီယောက်အပေါ်တွင် သည်လောက်ထိ မမုန်းတီးတော့ပါချေ။

ခဏစဉ်းစားပြီးနောက် ချူခွမ်းရန် သူ့လက်ဝါးကို မြှောက်လိုက်သည်။ ဤလက်ဝါးတွင် ပန်းစက္ကူကောင်းကင်ဓားသိုင်း၏ ဓားချီများ သိပ်သည်းကာ ထွက်ပေါ်လာခဲ့၏။ ယင်းက တောင်ကိုခွဲ၍ မြစ်ကိုဖြတ်နိုင်သော စွမ်းအားများ ပါဝင်နေသည်။

"ဖြောင်း"
လက်ဝါးရိုက်ချက်ဟာ လီယောက်ရင်ဝကို ထိမှန်သွားခဲ့၏။

လီယောက်က မရှောင်ပေ၊ မပုန်းပေ။

"အဲဒီနေ့က ကျုပ်ကို ရိုက်ခဲ့တဲ့ လက်ဝါးတစ်ချက်အတွက် ဒီနေ့ ပြန်ရိုက်လိုက်တာပဲ။ အခုကစပြီး အတိတ်က နာကျည်း မုန်းတီးစရာတွေကို မေ့ပစ်လိုက်ရအောင်။ ခင်ဗျား အခုသွားနိုင်ပြီ"
ချူခွမ်းရန် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

လက်ဝါးရိုက်ချက် ထုတ်ဖော်ချိန်တွင် သူက နည်းနည်းမျှ မတွန့်ဆုတ်ခဲ့ပေ။ သူ့လက်ဝါးရိုက်ချက်က အနည်းဆုံး လီယောက်၏ ရင်ဝအရိုး ငါးချောင်းခန့် ကျိုးသွားစေနိုင်သည်ကို သူသိသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora