အပိုင်း ၅၃ လျှို့ဝှက်နယ်မြေအတွင်းမှ ထူးခြားဆန်းကြယ်မှု

642 73 1
                                    

အပိုင်း ၅၃ လျှို့ဝှက်နယ်မြေအတွင်းမှ ထူးခြားဆန်းကြယ်မှု၊ သေခြင်းချီ ၊ လပြည့်ဓား

တိရိစ္ဆာန်ဆိုသော စကားလုံးက မိုးကြိုးသိမ်းငှက် မျိုးနွယ်စုမှ ကျွမ်းကျင်ကျင့်ကြံသူတိုင်းကို ဒေါသထွက်စေခဲ့သည်။

သူတို့သည် ချူခွမ်းရန်ကိုဝါးစားလုမတတ်ကြည့်ကာ သူတို့၏ အရှိန်အဝါက ပေါက်ကွဲထွက်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော မိုးကြိုးတာအိုစည်းချက်များသည် လေထုကို ဖြတ်သန်းလျှက်ထွက်ပေါ်လာကာ ချူခွမ်းရန်ကို ဖိနှိပ်လာသည်။

ထိုအချိန်တွင် အကြီးအကဲရူယန်က အေးစက်စွာ မေးလိုက်သည်။

'' ဘယ်သူလုပ်ရဲလဲ...''

ခြေတစ်လှမ်းလှမ်း လိုက်သည်နှင့် မြင့်မြတ်သခင်တစ်ဦးနှင့် နီးကပ်နေသော ကြောက်မက်ဖွယ်အော်ရာသည် ချက်ချင်းပေါက်ကွဲထွက်လာသည်။

ထိုအော်ရာနှစ်ခု ထိတွေ့မိသည်နှင့် လေဟာနယ်ပင် တုန်ခါလာ၏။

ချူခွမ်းရန်က ထိုလွှမ်းမိုးနေသော အော်ရာများအောက်တွင် မထူးခြားနားစွာ ရပ်နေသည်။ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်သည် ထိုအော်ရာများအောက်တွင် ကြောက်လန့်နေပြီး တောင့်တင်းကာ မလှုပ်နိုင်ဖြစ်နေကြမည်ဖြစ်သည်။

သို့သော်လည်း သူက အေးစက်ငြိမ်သက်စွာ ရပ်လျှက်ရှိနေသည်။ ထိုပြင်းထန်သော အော်ရာကြောင့် တိုက်ခိုက်လျှက်ရှိသော လေပြင်းကြောင့် သူ၏ဝတ်စုံနှင့် ဆံပင်များသည် ပြင်းထန်စွာ လှုပ်ယမ်းလျှက်ရှိသည်။

ထိုအချိန်တွင် သူသည် နတ်ဆိုးတစ်ကောင်ဆိုသည်ထက် ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်နှင့်တူသည်။

အမျိုးသမီးကျင့်ကြံသူများသည် သူ၏ရုပ်ရည်သွင်ပြင်၏ ဆွဲဆောင်မှုကိုခံနေကြရသည်။

'' ရူးသွပ်စရာပဲ...အံ့ဩစရာကောင်းတယ်''

'' သူက အင်ပါယာငယ်တစ်ပါးကို စော်ကားရဲတယ်လား... သူကရူးနေပြီး အခြေအနေကို နားမလည်တာပဲ...''

'' နင်အဲ့ဒီ အင်ပါယာငယ်ကိုကြည့်စမ်းပါ သူ့ရဲ့ရုပ်ရည်က အစ်ကိုချူထက်နိမ့်ကျတယ်၊ ပြီးတော့ သူကအစ်ကိုချူကို ရန်စပြီး စစိန်ခေါ်တဲ့သူဆိုတော့ သူကဒီလို စော်ကားခံရသင့်တယ်...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora