91 - 95

834 54 3
                                    

အပိုင်း ၉၁ ရှစ်ထောင်သောပညာရပ်များကို တာအိုခန္ဓာကိုယ်တစ်ခုသို့ပေါင်းစပ်ခြင်း

'' အကြီးအကဲ ခင်ဗျားနောက်နေတာမလား...''

စုတန်ရီကအကြီးအကဲကို မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်၏။

တခြားသူများကလည်း ထိုအကြီးအကဲကိုကြည့်လိုက်ကြသည်။သူတို့်ကတိတ်ဆိတ်နေသော်လည်း သူတို့၏အတွေးများမှာ စုတန်ရီနှင့်အတူတူပင်ဖြစ်ကြောင်းရှင်းနေ၏။

အထိမ်းအမှတ်သစ်တောထဲတွင် နည်းစနစ်ပေါင်းရှစ်ထောင်ကျော်ရှိသည် သာမန်ကျင့်ကြံသူတစ်ယောက်က သူတို့၏တစ်ဘဝလုံးတွင် ထိုရှစ်ထောင်ကျော်မှ တစ်ရာခိုင်နှုန်းကိုပင် လေ့လာပြီးစီးနိုင်မည် မဟုတ်ချေ။

ဒီတော့ အကြီးအကဲပြောတဲ့ ချူခွမ်းရန်က သစ်တောထဲက နည်းစနစ်ရှစ်ထောင်ကျော်လုံးကို ထိုးထွင်းသိမြင်နေတယ်ဆိုတာကို သူတို့ဘယ်လိုယုံရမှာလဲ။

'' ဒါက ယုံကြည်နိုင်စရာ မရှိဘူးဆိုတာ ငါသိတာပေါ့...၊ ဒါပေမဲ့ချူခွမ်းရန်က သာမန်အမြင်နဲ့ကြည့်လို့ရတဲ့သူမဟုတ်ဘူး....''

'' သူ့ကိုသေချာကြည့်လိုက် သူ့ဆီကထွက်ပေါ်နေတဲ့ နည်းစနစ်တွေက အထိမ်းအမှတ်သစ်တောမှာ မှတ်တမ်းတင်ထားတဲ့ နည်းစနစ်တွေနဲ့ တူညီနေတာကိုတွေ့ရလိမ့်မယ်...''

အကြီးအကဲ၏ စကားဆုံးသည်နှင့် လူအုပ်ကချူခွမ်းရန်ကို သေချာကြည့်လိုက်ကြသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် လူများစွာ၏အမူအရာက လျင်မြန်စွာပြောင်းလဲသွားသည်။

'' ဒီနူးညံ့တဲ့တာအိုစည်းချက်က...ထိပ်တန်းနည်းစနစ် နူးညံ့သောတိမ်လက်...''

'' လေပြေလိုညင်သာပြီး တောင် တွေလိုတိတ်ဆိတ်နေတယ်...ဒါက ဆန်းကြယ်တောင်ဓားပဲ...''

'' နောက်တစ်ခု ထိပ်တန်းနည်းစနစ် မိုးကြိုးပေါက်ကွဲခြင်းလက်ဝါး...''

''ကင်းကောင် လက်သီး၊ နတ်ဆိုးခေါင်းဓားသွား၊ ကောင်းကင်ဓားကိုးစင်း၊ ဘုရားရေ ထိပ်တန်းနည်းစနစ်တွေပါလား...''

'' ဒီနည်းစနစ်တွေကိုကြည့်ပြီး ငါခေါင်းတွေမူးနေပြီ...''

'' ဒါပေမဲ့ သူသစ်တောထဲက နည်းစနစ်တွေအကုန်လုံးကို နားလည်နိုင်ပါ့မလား၊ ဒါက မယုံကြည်နိုင်စရာကောင်းတဲ့ကိစ္စပဲ..၊ သူဘယ်လိုလုပ်လိုက်တာလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now