အပိုင်း ၄၈ မင်းသမီးလင်လုံ၊ သူကအရမ်းကြည့်ကောင်းတယ်

728 67 1
                                    

အပိုင်း ၄၈ မင်းသမီးလင်လုံ၊ သူကအရမ်းကြည့်ကောင်းတယ်

်တာအိုစည်းချက်များသည် ထက်ရှသောရွှေရောင်ဓားဆီမှလျှံထွက်လာပြီး လန်ယုထံသို့ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။

ထိုတိုက်ကွက်တစ်ချက်တွင် အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်း အဆင့်၏စွမ်းအားများပြည့်ဝစွာပါဝင်နေသည်။

လန်ယုစတင်ပေါ်ပေါက်လာတုန်းက သူမသည်အခြေတည်စိတ်ဝိညာဥ်အစောပိုင်းအဆင့်သာဖြစ်ခဲ့သည်။ယခုတွင်နောက်ဆုံးအဆင့်ဖြစ်သည်။ထို့ပြင် ထိပ်တန်းတာအိုခန္ဓာကိုယ်၏အကူအညီကြောင့် နိဗာနအဆင့်ကျင့်ကြံသူများပင် သူမကိုထိခိုက်အောင်မလုပ်နိုင်ပေ။သူမကထိုဓားချီကို လက်သီးတစ်ချက်ဖြင့်ဖျက်စီးပစ်လိုက်သည်။

ဖန်တျန်း၏မျက်လုံးတွင် အံ့အားသင့်မှုအချို့တို့ဖြတ်သန်းသွားသည်။သို့သော် ၄င်းတို့သည် တိုက်ပွဲစိတ်ဆန္ဒသို့တဖန်ပြန်ပြောင်းသွား၏။သူကအေးစက်စက်ဖြင့်ပြောသည်။

'' ကောင်းပြီ ကြည့်ရတာငါမင်းကိုလျှော့တွက်ခဲ့တယ်နဲ့တူတယ်၊ ငါမင်းကိုအရင်အနိုင်ယူမယ် ပြီးမှမင်းရဲ့ဆရာကိုအနိုင်ယူပြမယ်...''

'' နင့်မှာအခွင့်အရေးမရှိဘူး...''

လန်ယုကသူမ၏အလင်းလှံတံကိုဆင့်ခေါ်လိုက်သည်။မြင့်မြတ်လက်နက်၏အော်ရာက သူမ၏အရှိန်အဟုန်ကိုတိုးသွားစေ၏။

သူမကရိုးရိုးလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။၄င်းတွင်အလင်း၏မြင့်မြတ်သောစွမ်းအားများပါဝင်နေသည်။ထိုလက်သီးချက်က စွမ်းအားကြီးသော ကောင်းကင်သားတော် ဖန်တျန်းကိုပင်ခြေလှမ်းရာပေါင်းများစွာဆုတ်ခွာသွားစေသည်။

ကြည့်ရှု့နေကြသောကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်သောအခါမအံ့ဩပဲမနေနိုင်ပေ။

'' ဒီမိန်းကလေးက ဖန်တျန်းနောက်ဆုတ်စေလောက်အောင်ကြောက်စရာကောင်းတဲ့စွမ်းရည်ရှိတာပဲ...။

'' ဖန်တျန်းက နိဗာနအဆင့်ကျင့်ကြံသူပဲ...ခန့်မှန်းရသလောက် မင်းသားဝူချန်ဂီတောင်သူ့ကိုနောက်ဆုပ်စေဖို့ခက်ခဲလိမ့်မယ်...ဒါကိုဒီမိန်းကလေးက လုပ်နိုင်ခဲ့တယ် သူမကဘယ်သူလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Hikayelerin yaşadığı yer. Şimdi keşfedin