အပိုင်း ၆၀ ပညာရှင် တောက်ပသောလမင်း၏ခန္ဓာကိုယ်

681 67 1
                                    

အပိုင်း ၆၀ ပညာရှင် တောက်ပသောလမင်း၏ခန္ဓာကိုယ်၊ ကောင်းကင်သားတော်များ၏ ရှုပ်ထွေး နေသောတိုက်ပွဲများ

'' သခင်နဲ့ မင်းသမီးကြားမှာ တစ်ခုခုဖြစ်ခဲ့လို့လား...''

မင်းသမီးလင်လုံက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

'' ချီး...ငါကပဲ ကံမကောင်းတာပါ''

ချူခွမ်းရန်က ကောင်းကင်ကြီးကိုမော့ကြည့်ကာ ညည်းညူလိုက်သည်။

လန်ယုက ပို၍ပင်အံ့အားသင့်သားပြီး ချူခွမ်းရန်ကို သူမ၏တောက်ပသောမျက်လုံးများဖြင့် မျက်တောင်မခပ်ဘဲ စိုက်ကြည့်နေသည်။ သူမက သူရှင်းပြမည်ကို စောင့်နေသကဲ့သိုပင်ဖြစ်၏။

'' ဒါကဘာမှမဟုတ်ပါဘူး...နန်းကုန်းဟောင်နဲ့တခြားသူတွေကို လိုက်ရှာကြရအောင်...''

'' အင်း...ကောင်းပြီ''

လန်ယုက အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသော်လည်း ချူခွမ်းရန် ပြောမပြချင်မှန်းသိသဖြင့် ထပ်မမေးတော့ပေ။

ထို့နောက် သူတို့နှစ်ယောက်လုံး ထွက်ခွာလာခဲ့သည်။

တောင်ထိပ်တစ်နေရာတွင်...

ကောင်းကင်းသားတော်များသည် ထိုနေရာတွင် အတူတကွစုစည်းနေကြ၏။

သူတို့ စုစည်းရာနေရာ၏ အလယ်ဗဟိုတွင် တာအိုနယ်မြေတစ်ခုရှိသည်။ ထိုတာအိုနယ်မြေ၏ အလယ်ဗဟိုတွင် အဖြူရောင်ဝတ်ဆင်ထားသော လူတစ်ဦးထိုင်နေ၏။ထိုလူသည် သက်လတ်ပိုင်းအရွယ်ရှိပြီး သူ၏အသားအရေမှာ ကျောက်စိမ်းကဲ့သို ဖြစ်နေသည်။

နောက်တစ်ခုမှာ ထိုလူတွင် အသက်ရှင်နေသည့် အရိပ်အရောင်မရှိခြင်းပင်ဖြစ်သည်။

သူသည် ရုပ်ထုတစ်ခုကဲ့သိုပင်ဖြစ်၏။

အကယ်၍ ချူခွမ်းရန်သာသည်နေရာတွင်ရှိလျှင် ထိုလူသည် ပညာရှင် တောက်ပသောလမင်းဖြစ်ကြောင်း ပြောနိုင်မည်ဖြစ်သည်။

အတိအကျပြောရလျှင် ပညာရှင် တောက်ပသောအလင်း၏ ရုပ်အလောင်းပင်ဖြစ်သည်။

ထိုရုပ်အလောင်း၏ အဖြူရောင်ဝတ်စုံတွင် သွေးများ စွန်းထင်းနေ၏။ သူသည် ကြီးမားသောတိုက်ပွဲတစ်ခုကို ဆင်နွဲပြီးနောက် မိမိ၏နေရာသို့ပြန်လာကာ အတားအဆီးများ ပြုလုပ်ပြီး ထိုက်လျက် အနေအထားအတိုင်းပင် ကွယ်လွန်သွားခဲ့ပုံရသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now