181-185

672 51 1
                                    

အပိုင်း ၁၈၁
​မမြင်ရသောအကာအကွယ်၊ မျက်နှာမဲ့ဓားသမား၊ နံရံဆေးရေးပန်းချီစင်္ကြံလမ်း

ဓားသမားလောကကြီး၏ များစွာသောကောင်းကင်သားတော်များက ဓားဗိမ္မာန်၏ရှေ့တွင်ရပ်ရင်း အဆောက်အဦးကို ငေးကြည့်နေကြသည်။

သူတို့ ထိုအဆောက်အဦးနှင့် နီးကပ်လာလေလေ ၄င်းတွင်ပါဝင်နေသော ထူးခြားဆန်းကြယ်သည့် တာအိုစည်းချက်များကို ခံစားမိလေလေဖြစ်သည်။ ၄င်းသည် သူတို့၏စွမ်းအားအဆင့်ဖြင့် နားမလည်နိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။

လင်းဟူကလန်မှသူများမှာ ထိုထူးခြားဆန်းကြယ်မှုနောက်မှ အဓိပ္ပါယ်ကို အ​ဖြေရှာချင်သည့်စိတ်အခြေအနေတွင် ရှိမနေချေ။ သူတို့မည်မျှပင်ကြိုးစားလိုက်တိုင်း ၄င်းကို နားမလည်နိုင်ချေ။ လူထုများက တီတိုးပြောဆိုနေကြသော အတင်းအဖျင်းများအရသူတို့က အလွန်တရာမှ နိမ့်ကျသည့်သဘောကို သက်ရောက်နေသည်။

သူတို့နှင့်အဆင့်တူတွင်ရှိနေသော တခြားသောကောင်းကင်သားတော်များက သူတို့ကိုလှောင်ပြောင်လိုသောအကြည့်ဖြင့် ကြည့်နေလေ၏။

ဤတစ်ကြိမ်တွင်  လင်းဟူကလန်မှ နေရာတစ်ခုကိုဆုံးရှုံးသွားရသည့် အကြောင်းအရင်းမှာ သူတို့နှင့်တစ်စုံတစ်ရာ ပတ်သတ်နေပုံပေါ်ပြီး ထိုကြောင့်သူတို့က လင်းဟူကလန်၏ကံဆိုးမှုအတွက် ပျော်ရွင်နေကြပုံပေါ်သည်။

'' ချူခွမ်းရန်...''

လင်းဟူကလန်၏ အင်ပါယာငယ်ဖြစ်သော လင်းဟူထန်က ချူခွမ်းကို အမုန်းတရားများပြည့်လျှံနေသောမျက်လုံးအစုံဖြင့်စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။သူ၏အမြင်အရ ဤအရာကိုချူခွမ်းရန်လုပ်နေခြင်းဖြစ်ရမည်ဖြစ်သည်။

သူကိုယ်တိုင်သန့်စင်ကာ ဖန်တီးထားသောကိုယ်ပွားကို ချူခွမ်းရန်ဖျက်စီးပစ်လိုက်ကတည်းက သူချူခွမ်းရန်ကို အလွန်စက်ဆုပ်ရွံ့ရှာနေခြင်းပင်ဖြစ်၏။

ချူခွမ်းရန်က လင်းဟူထန်သူ့ကိုကြည့်ကာ အလွန်တရာမှ မနှစ်မြို့သည်ကိုခံစားမိသည်။ထို့ကြောင့် သူ၏နှုတ်ခမ်းထောင့်များက အပေါ်ကိုမြင့်တက်သွားပြီးမေးလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now