အပိုင်း ၈၀ ခမ်းနားကြီးကျယ်သောဘွဲ့အပ်နှင်းခြင်းညီလာခံအခမ်းအနား

596 52 1
                                    

အပိုင်း ၈၀ ခမ်းနားကြီးကျယ်သောဘွဲ့အပ်နှင်းခြင်းညီလာခံအခမ်းအနား၊ နတ်ဘုရားတစ်ပါးလိုကိုးကွယ်ကြခြင်း

မကြာမီအချိန်အတွင်းမှာပင် ချူခွမ်းရန်ကိုကြာဖြူသားတော်အဖြစ်သတ်မှတ်လိုက်သောသတင်းသည် ကြာဖြူကျောင်းတော်တစ်ခုလုံးကို ပျံ့နှ့သွားခဲ့လေရာ ကျောင်းတော်တစ်ခုလုံးမှတပည့်များအားလုံးသည် အံ့ဩသွားကြလေ၏။

သည်အဖြစ်အပျက်မတိုင်ခင် ချူခွမ်းရန်နှင့်ပတ်သတ်၍ သူတို့ကြားခဲ့ရသော သတင်းများအားလုံးမှာ မကောင်းသောသတင်းများသာဖြစ်ကြသည်။

တစ်ကမ္ဘာလုံးကိုစစ်ကြေ ငြာခြင်း၊ တိမ်ဖြူမြို့တော်ခန်းမတစ်ခုလုံးကိုသုတ်သင်ခြင်းနှင့် လျှို့ဝှက်နယ်​မြေတစ်ခုလုံးကိုလုယက်ခြင်းတို့ဖြစ်သည်။

ယခုအချိန်တွင် ဤနတ်ဆိုးသည် သူတို့၏ကြာဖြူသားတော်ဖြစ်လာတော့မည်ဖြစ်သည်။

၄င်းက အမှန်ပင်ပြဇာတ်ဆန်လွန်း၏။

'' ချူခွမ်းရန်က ငါတို့ရဲ့ကြာဖြူသားတော်ဖြစ်လာတော့မယ်...ခေါင်းဆောင်နဲ့အကြီးအကဲတွေက ဘာတွေစဥ်းစားနေတာလဲဆိုတာမသိတော့ဘူး...၊ တကယ်ချီးပဲ...''

'' ချူခွမ်းရန်က ကြာဖြူအလင်းသန့်စင်ခြင်းကိုထိုးထွင်းနားလည်ခဲ့တာကို မင်းသိတာပဲ...သူ့ကိုကြာဖြူသားတော် မဖြစ်အောင်လုပ်ဖို့ခက်လိမ့်မယ်....''

'' အမှန်ပဲ...ဒါကငါ့အတွက်တကယ်ပဲအိမ်မက်ဆန်လွန်းတယ်...''

'' ငါတို့မျိုးဆက်တွေတစ်လျှောက်လုံးမှာ ကောင်းကင်သားတော်တိုင်းက ကြာဖြူအလင်းသန့်စင်ခြင်း နည်းစနစ်ကိုနားမလည်နိုင်ခဲ့ကြဘူး...ဒါပေမဲ့ ချူခွမ်းရန်ကဘယ်လိုလုပ် လုပ်နိုင်ခဲ့ရတာလဲ...''

'' အတိအကျပဲ...''

ကြာဖြူကျောင်းတော်မှတပည့်များသည် စိတ်အားထက်သန်စွာဆွေးနွေးနေကြသည်။

မိန်းကလေးတပည့်တစ်အုပ်စုသည် စက်ဝိုင်းပုံစံစုရုံးနေကြပြီး သူတို့ထဲမှတစ်ယောက်ကပြောလိုက်၏။

'' ချူခွမ်းရန်က လူရိုင်းတစ်ယောက်နဲ့တူတယ်လို့နင်ထင်လား...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora