အပိုင်း ၈၁ လူတိုင်း၏တုန့်ပြန်မှု၊ ဒီပစ္စည်းက ငါ့အပိုင်ဖြစ်ဖို့ကံပါလာတာပဲ

674 52 1
                                    

အပိုင်း ၈၁ လူတိုင်း၏တုန့်ပြန်မှု၊ ဒီပစ္စည်းက ငါ့အပိုင်ဖြစ်ဖို့ကံပါလာတာပဲ

ဘွဲ့အပ်နှင်းခြင်းအခမ်းအနားပြီးဆုံးသွားပြီးနောက် ချူခွမ်းရန်သည် ကြာဖြူကျောင်းတော်မှ ထွက်လာ၍ နောက်ကျင့်ကြံခြင်းနယ်မြေတစ်ခုကို ထွက်ခွာလာခဲ့သည်။

ချူခွမ်းရန် ကြာဖြူကျောင်းတော်မှထွက်ခွာသွားပြီး နှစ်ရက်အတွင်းမှာပင် သူ့ကိုကြာဖြူသားတော်အဖြစ်အပ်နှင်းလိုက်သော သတင်းသည် အဇူရာနဂါးကုန်းမြေ တစ်ခုလုံးကို ပျံနှံ့သွားလေတော့ ၏။ထိုသတင်းသည် ဂိုဏ်းကြီးများနှင့် ကျင့်ကြံသူများစွာကို ထိန့်လန့်သွားစေ၏။

လူတိုင်းက အံ့အားသင့်နေကြသည်။

' လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတော်ဝင်အဇူရာပြည်ထောင်ရဲ့ အကြီးဆုံးမင်းသမိီးနဲ့စေ့စပ်ပြီး ဘယ်လောက်ကြာသေးလို့လဲ အခုကြာဖြူကျောင်းတော်ရဲ့ ကြာဖြူသားတော်ဖြစ်သွားပြန်ပြီ...'

' ဘာတွေဖြစ်နေတာလဲ...'

ကမ္ဘာကြီးက ဘယ်လိုတွေဖြစ်နေရတာလဲ...။

ဤမြန်ဆန်သော အလှည့်အပြောင်းကြောင့် လူတိုင်းကရှုပ်ထွေးကာ ပဟေဠိ ဖြစ်နေကြသည်။

' ကမ္ဘာကြီးမှာဘာတွေဖြစ်ပျက်နေတာလဲ ဆိုတာကိုတစ်ယောက်ယောက်ပြောပြနိုင်မလား..၊ချူခွမ်းရန်က ဘာကြောင့်ကြာဖြူကျောင်းတော်ရဲ့ သားတော်တစ်ပါးဖြစ်လာရတာလဲ...''

'' အဇူရာနဂါး ကုန်းမြေ မှာရှိတဲ့ ကျင့်ကြံခြင်းနယ်မြေကြီးရှစ်ခုမှာ ထက်ဝက်လောက်က သူ့ကိုကာကွယ်ပေးနေကြတယ်...အိုး...ဘုရားသခင် ဒီကိစ္စကလုံးဝမကြုံစဖူးအဖြစ်ထူးပဲ...''

'' ဒီရက်အနည်းငယ်အတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့လို့လဲ...''

'' ချီးပဲ...ချူခွမ်းရန်မှာ ဘယ်လိုဆွဲဆောင်မှုမျိုးရှိလို့လဲ...ဘာလို့ကျင့်ကြံခြင်းနယ်မြေတစ်ခုချင်းစီက သူ့ကိုထောက်ပံ့ပေးနေရတာလဲ...''

'' ကျင့်ကြံခြင်းနယ်မြေကြီးသုံးခုက လူငယ်တစ်ယောက်ရဲ့ကျင့်ကြံရေးလမ်းကြောင်းကို လုံခြုံအောင်စောင့်ရှောက်ပေးတာက အရမ်းများသွားပြီ...ဟေ့...ဟေ့...သူကဒီလောက်လွန်လွန်ကဲကဲတွေလုပ်ပြဖို့လိုလို့လား...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now