191-195

703 57 7
                                    

အပိုင်း ၁၉၁ နယ်နမိတ်ပညာရှင်တစ်ဦးကိုသတ်ဖြတ်ခြင်း၊ လေးရာသီဓားအစီအရင်၊ ငါမင်းနောက်ကျောမှာတက်စီးလို့ရမလား

ဓားဆယ့်နှစ်ချောင်းက ကောင်းကင်ပေါ်တွင်ဝဲပျံလျက်ရှိပြီး လေးရာသီဓားအစီအရင်အဖြစ်ပြောင်းလဲသွား၏။ထိုဓားအစီအရင်မှထွက်ပေါ်လာသောတာအိုစည်းချက်များသည် ကောင်းတစ်ခုလုံးတိုင်အောင် မိုင်ပေါင်းများစွာကိုဖုံးအုပ်လျက်ရှိပြီး တာအိုဆရာသခင်ဆွေးမြေ့တိမ်တိုက်ကိုအတွင်းတွင် ပိတ်ဆို့ထားလျက်ရှိနေလေသည်။

၄င်းသည် လေးရာသီဓားအစီအရင်၏ဒုတိယပုံစံဖြစ်သော ဆယ့်နှစ်လရာသီဖြစ်လေ၏။

'' ဒါက ဓားအစီအရင်လား...''

'' မင်းလိုကောင်လေးတစ်ယောက်မှာ အခုလိုမျိုးနည်းစနစ်တွေအများကြီးရှိနေလိမ့်မယ်လို့မထင်ထားခဲ့ဘူး...၊ ဒါပေမဲ့ ဒီဓားအစီအရင်နဲ့ဆိုရင်တောင်မှ မင်းလိုစစ်ဧကရာဇ်အဆင့်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်က ငါ့ကိုဘာလုပ်နိုင်မှာလို့လဲ...''

တာအိုဆရာသခင် ဆွေးမြေ့တိမ်တိုက်က ခနဲ့လိုက်၏။သူက သူ၏လက်ကိုမြောက်လိုက်သည်နှင့် စွမ်းအားကြီးသောတာအိုစည်းချက်များထွက်ပေါ်လာပြီး အနက်ရောင်မီးတောက်များက နေရာအနှံ့သို့လှိုင်းလုံးများသဖွယ်ဖုံးလွမ်းသွားလေသည်။

သိူ့သော်လေးရာသီဓားအစီအရင်မှ အေးစက်နေသောတာအိုစည်းချက်များကတဝီဝီဖြင့်ထွက်ပေါ်လာပြီး ဆောင်းရာသီတွင်တိုက်ခတ်နေသောနှင်းမုန်တိုင်းအလားကြမ်းတမ်းစွာ လှည့်ပတ်တိုက်ခိုက်နေလေသည်။

ဓားချီများ၏တာဆီးမှုအောက်တွင် မီးတောက်နက်များက ပျောက်ကွယ်သွားရ၏။

'' မီးနဲ့ကစားချင်နေတာလား...''

ချူခွမ်းရန်က ရယ်မောလိုက်သည်။

လေးရာသီဓားအစီအရင်အတွင်းရှိတာအိုစည်းချက်များက တဟုန်းဟုန်းတောက်လောင်နေသောနေမင်းကြီးအဖြစ်ပြောင်းလဲသွားပြီး လေထဲကိုမြင့်တက်လာကာ တောက်ပသောရောင်ခြည်များကိုထုတ်လွှတ်လိုက်လေသည်။ထိုအထဲတွင် ဓားချီများရောစပ်ပါဝင်နေပြီး မီးတောက်ပင်လယ်ကြီးတစ်ခုအသွင်ပြောင်းလျက် တာအိုဆရာသခင်ဆွေးမြေ့တိမ်တိုက်ဆီကိုဦးတည်သွားလေ၏။ထိုမီးတောက်ပင်လယ်ကြီးက သူ့မျက်နှာကြီးတစ်ခုလုံးကို မည်းနက်သွားသည်အထိလောင်ကျွမ်းပစ်လိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now