အပိုင်း ၃၅၅ ခေါင်းကိုးလုံးမြွေနဂါးက ခေါင်းကိုးလုံးကလန်ကိုဝါးမြိုခြင်း

416 46 2
                                    

အပိုင်း ၃၅၅ ခေါင်းကိုးလုံးမြွေနဂါးက ခေါင်းကိုးလုံးကလန်ကိုဝါးမြိုခြင်း ၊ မင်းတို့နှစ်ယောက်လုံးရဲ့အသက်ကို အစားပြန်ယူမယ်...

'' ရှီး...''

ကျယ်လောင်စူးရှသော အော်ဟစ်သံတစ်ခုက ရက်စက်ချီလှိုင်းများနှင့်အတူ ပေါက်ကွဲကာထွက်လာ၏။

   ခေါင်းကိုးလုံး ကလန်သားများက ထိုအော်ရာကိုမှတ်မိလိုက်ကြသည်။ခေါင်းကိုးလုံး ကလန်ခေါင်းဆောင်နှင့် ကျန်လူများက ရေနက်အိုင်ရှိရာဘက်သို့ မျှော်လင့်ချက်တကြီးကြည့်လိုက်ကြသည်။

'' သူလုပ်နိုင်ခဲ့ပြီ...၊ သခင်လေးက ငါတို့ရဲ့အရှင်သခင်ဖြစ်တဲ့ ခေါင်းကိုးလုံးမြွေနဂါးကိုနိုးထစေနိုင်ခဲ့ပြီ...''

'' ဟား...ဟား...ပျော်စရာပဲ...''

'' ခေါင်းကိုးလုံးကလန် ပြန်လည်တောက်ပလာမဲ့အချိန်ရောက်လာတော့မယ်...''

ခေါင်းကိုးလုံးကလန်သားများက မိုးကုတ်စက်ဝိုင်းဘက်ကိုငေးကြည့်နေကြ၏။တစ်ချို့ဆိုလျှင် မြေပေါ်တွင်ဒူးထောက်ကာ သူတို့၏အရှင်သခင်ကို အရိုအသေပေးနေကြသည်။

ချူခွမ်းရန်က လုံးဝမလှုပ်မယှက်ရပ်နေ၏။

   '' ကြည့်ရတာ ငါတို့နောက်ကျသွားပြီထင်တယ်၊ ခေါင်းကိုးလုံးမြွေနဂါးက ပြန်လည်မွေးဖွားလာပြီ၊ အော်ရာတွေအရတော့ အဲ့တာက သာမန်ထက်ပိုစွမ်းအားကြီးတယ်၊ အနည်းဆုံး ကြီးမြတ်သောပညာရှင်အဆင့်ဖြစ်လိမ့်မယ်...''

ချူခွမ်းရန်က ရေရွတ်လိုက်၏။

    တစ်ခဏအကြာတွင် အဖျက်စွမ်းအားကြီးမားသော ရက်စက်ချီလှိုင်းက နီးကပ်လာ၏။

    ခေါင်းကိုးလုံးကလန်ခေါင်းဆောင်နှင့် ကျန်အကြီးအကဲများက သူတို့၏တဲထဲမှထွက်လာကာ ဒူးထောက်လိုက်ကြသည်။သူတို့က သူတို့၏သခင်ပြန်ရောက်လာခြင်းကို ကြိုဆိုနေကြခြင်းပင်။

ဧရာမအရိပ်ကြီးတစ်ခုက ကောင်းကင်ကြီးကို အုပ်မိုးလာ၏။

ထိုအရိပ်ကြီးသည် ခေါင်းကိုးလုံးပါဝင်သော မြွေကြီးတစ်ကောင်ဖြစ်သည်။၄င်းက မီတာရာပေါင်းများစွာရှည်လျား၏။၄င်း၏ ကိုယ်ကိုအကြေးခွံများစွာဖြင့်ဖုံးအုပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော ခေါင်းတစ်လုံးစီတိုင်းတွင် မီးသွေးခဲပမာ နီရဲနေသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now