အပိုင်း ၃၆၅ ထူးခြားသော နတ်ဆိုးသွေးအ‌ဆီအနှစ်၊ စကြာဝဠာမီးပေါင်းဖိုခန္ဓာ၏စွမ်းအား

439 44 3
                                    

အပိုင်း ၃၆၅  ထူးခြားသော နတ်ဆိုးသွေးအ‌ဆီအနှစ်၊ စကြာဝဠာမီးပေါင်းဖိုခန္ဓာ၏ စွမ်းအား၊ နတ်ဆိုးသွေးအ‌ဆီအနှစ်ကို စုပ်ယူခြင်း

“ ဒါ မကောင်းဘူး”
ဘုရင် ချူကျန်း က ထိတ်လန့်သွားသည်။

ချာကရာဘုရင်နှင့် ဝူကွမ်းဘုရင်တို့နှင့် မတူဘဲ၊ သူတို့အနေဖြင့် ချူခွမ်းရန်အတွက် ပြိုင်ဘက်မဟုတ်ကြောင်း သူ နားလည်၏။

    ချူခွမ်းရန်က သူတို့အား နှိမ်နှင်းရန် လွယ်ကူလွန်းပေသည်။ ထို့ကြောင့် ချာကရာဘုရင်နှင့် ဝူကွမ်းဘုရင်တို့ လှုပ်ရှားသောအခါ ဘုရင်ချူကျန်း အနေဖြင့် မည်သို့ ထွက်ပြေးရမည်ကို ခန့်မှန်းထားပြီး ဖြစ်သည်။

   ချူခွမ်းရန်သည် မြှောက်သည်ဆိုရုံမျှသာ မြှောက်လိုက်ပြီး အကန့်အသတ်မဲ့ စွမ်းအားများဖြင့်အတူ ယင်ကောင်များအား ရိုက်သတ်လိုက်သကဲ့သို့ ယှမ်းလိုက်သည်။

ချူခွမ်းရန်၏ တိုက်ခိုက်မှုစွမ်းအားကို ခုခံနိုင်ခြင်းမရှိ၍ ဘုရင်ချာကရာနှင့် ဘုရင်ဝူကွမ်း တို့သည် သွေးအန်ပြီး လွင့်စင်သွားကြ၏။ သူတို့ထဲမှ တစ်ယောက်သည် ငရဲမီးတောက်နှင့် ထိမိသွား၍ တခဏချင်းပြာကျသွားလေသည်။

အခြားတစ်ယောက်ကား နတ်ဆိုးသွေးအ‌ဆီအနှစ်ကန်အတွင်းသို့ ကျသွား၏။

   နတ်ဆိုးသွေးအ‌ဆီအနှစ်များသည် ဘုရင်ကို သက်ရှိတစ်‌‌ကောင်ဆွဲခေါ်သဘိသို့ ဆွဲချသွားရာ ချက်ချင်း ပိုကြမ်းတမ်းစွာ ပွက်ပွက်ထလာတော့၏။ ဘုရင်ဝူကွမ်းသည် နတ်ဆိုးသွေးအ‌ဆီအနှစ်များကြား လှောင်ပိတ်နေရာ နာကျင်စွာအော်ဟစ်နေပြီး အဖြူရောင်အခိုးအငွေ့များ ထွက်လာကာ အရိုးများသာ ကျန်ခဲ့တော့သည်။

နတ်ဆိုးကျင့်ကြံသူတစ်ချို့သည် သူတို့မြင်ရသည်ကို သံသယဝင်သော်လည်း နတ်ဆိုးသွေးအ‌ဆီအနှစ်များ ပိုများပြားလာသည်ကို သတိထားမိလိုက်သည်။

    “ ဒါ မကောင်းဘူး။ နတ်ဆိုးသွေးအ‌ဆီအနှစ်က ကျင့်ကြံသူတစ်ယောက်ရဲ့ အသားကို တိုက်စားရုံသာမက ကျင့်ကြံသူရဲ့ ဝိညာဥ်စွမ်းအင်ကိုလည်း နတ်ဆိုးချီအဖြစ် ပြောင်းလဲပေးနိုင်တယ်”
ယွမ်ဝူတောက်သည် နတ်ဆိုးသွေးအ‌ဆီအနှစ်၏ အံ့သြဖွယ်လုပ်ဆောင်ချက်ကို ထိတ်လန့်သွား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tempat cerita menjadi hidup. Temukan sekarang