အပိုင်း ၆၄ မြင့်မြတ်သခင်လိုင်ဟောက် ဒေါသထွက်ခြင်း၊ ဒဏ္ဍာရီလာစွမ်းရည်တစ်ခုကိုရရှိခြင်း၊ ချူခွမ်းရန်၏ဟာသ
တောက်ပသောလမင်းလျှို့ဝှက်နယ်မြေ၏အပြင်ဘက်တွင်...။
အသန်မာဆုံးသောကျင့်ကြံခြင်းနယ်မြေကြီးများသည် ဆွေးနွေးနေကြ၏။ပထမဆုံးအကြောင်းအရာသည် ပညာရှင်တစ်ယောက်ကျဆုံးခြင်းအကြောင်းအရာဖြစ်ပြီး၊ နောက်တစ်ခုမှာ လျှို့ဝှက်နယ်မြေအတွင်းတွင် မည်သူက ကောင်းကင်သားတော်များကိုဦးဆောင်နိုင်မည့်အကြောင်းဖြစ်သည်။
လူအများဆုံးတွေးထားကြသည်မှာ မိုးကြိုးသိမ်းငှက် မျိုးနွယ်စုမှ လိုင်အိုပင်ဖြစ်သည်။
''ငါတို့မျိုးနွယ်စုက လိုင်အိုက ကမ္ဘာကြီးရဲ့အင်ပါယာရှစ်ယောက်ထဲကတစ်ယောက်ပဲ၊ သူကတိုက်ပွဲဝင်စွမ်းရည်ပြည့်ဝပြီး ကြီးမြတ်တဲ့ တိုက်ပွဲတွေကိုအောင်မြင်နိုင်ခဲ့တယ်၊ ပြောရရင် သူကစစ်ပွဲဧကရာဇ်တစ်ယောက်လိုအင်အားကြီးတယ်၊ သူ့ကိုလျှို့ဝှက်နယ်မြေထဲက ဘယ်သူကအနိုင်ယူနိုင်မှာလဲ...''
ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ အဆင့်ကျော်ပြီးတိုက်ခိုက်ရန်ပိုမိုခက်ခဲလာလေဖြစ်သည်။ နိဗာနအဆင့်ဖြင့် စစ်ဧကရာဇ်အဆင့်ကိုတိုက်ခိုက်နိုင်သူများကိုသာ အင်ပါယာငယ်ဟုခေါ်ဆိုနိုင်မည်ဖြစ်သည်။
လျှို့ဝှက်နယ်မြေအတွင်းကိုဝင်ရောက်သွားခဲ့သော ကောင်းကင်သားတော်တိုင်းသည် စစ်ဧကရာဇ်ကိုတိုက်ခိုက်နိုင်သည်။သို့သော် ထိုထဲမှလိုင်အိုတစ်ယောက်သာလျှင် အနိုင်ယူနိုင်စွမ်းရှိသည်။၄င်းသည်ကြီးမားသော အားသာချက်ပင်ဖြစ်သည်။
မိုးကြိုးသိမ်းငှက် မျိုးနွယ်စုက လိုင်အိုနှင့်ပတ်သတ်၍ အလွန်ကျေနပ်နေခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။
အကယ်၍အခြေအနေသာ ပုံမှန်အတိုင်းဖြစ်ခဲ့လျှင် လိုင်အိုက လျှို့ဝှက်နယ်မြေအတွင်းတွင် အကျိုးအများဆုံးဖြစ်မှာမလွဲမသွေပေ။
'' မိုးကြိုးသိမ်းငှက် မျိုးနွယ်စုက လိုင်အိုနဲ့ပတ်သတ်ပြီးတော့အရမ်းယုံကြည်ချက်ရှိနေတော့ ကောင်းကင်နက်ဂိုဏ်းက ချူခွမ်းရန်က လိုင်အိုကိုမယှဥ်ပြိုင်နိုင်ဘူးဆိုတဲ့သဘောလား...။''
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...