အပိုင်း ၃၅၂ လင်းလုံ သရဖူဆင်မြန်းခြင်း

532 45 0
                                    

အပိုင်း ၃၅၂ လင်းလုံသရဖူဆင်မြန်းခြင်း၊ ဂူချန်းဂီ ခေါင်းကိုးလုံးမြွေနဂါးပုလဲကိုခိုးယူထွက်​ပြေးသွားခြင်း...

ချူခွမ်းရန်၏ မျက်လုံးများက မှုန်ဝါးနေပြီး ရှည်လျားစွာ သမ်းဝေကာ အိပ်ရာမှထလာခဲ့သည်။

   ထိုအချိန်တွင် မင်းသမီးလင်းလုံက အစေခံများ၏အကူအညီဖြင့် ဝတ်စားဆင်ယင်ပြီးဖြစ်သည်။ချူခွမ်းရန်က သူမကိုဘေးမှရပ်ကြည့်နေရင်း တောက်ပသောအပြုံးတစ်ခုဖြစ်တည်လာသည်။

    မင်းသမီးလင်းလုံက ချူခွမ်းရန်ပြုံးနေသည်ကို မမြင်ဟန်ဆောင်သော်လည်း မရပေ။ သူမ၏ ကြင်ယာတော်က ဖမ်းစားနိုင်လွန်းသည်။

'' ဘာတွေဒီလောက်ကြည့်နေရတာလဲ...အဝတ်လဲတော့လေ...''

'' မင်းသမီးက ဒီနေ့ပုံမှန်ထက်ပိုပြီး ထူးခြားနေလို့လေ...''

'' ဘယ်လိုထူးခြားတာလဲ...''

'' ပုံမှန်ထက်ပိုပြီး ထူးထူးခြားခြားလှနေတာလေ...''

    မင်းသမီးလင်းလုံက သဘောကျစွာရယ်မောလိုက်သည်။ဂုဏ်သိက္ခာကြီးမားသော ကောင်းကင်နက်ဂိုဏ်းချုပ် ချူခွမ်းရန်တွင် ဤသို့သောမတူညီသော အခြားတစ်ဖက်ရှိလိမ့်မည်ဟု သူမထင်ထားပေ။

'' မင်းထွက်သွားလို့ရပြီ...''

မင်းသမီးလင်းလုံက အထိန်းတော်ကိုပြောလိုက်သည်။

'' မှန်လှပါ...''

   အထိန်းတော်ထွက်သွားသည်နှင့် မင်းသမီးလင်းလုံက ချူခွမ်းရန်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။

   '' ဟင်း...သူမက ကျွန်မရဲ့ သစ္စာရှိအထိန်းတော်မလို့ပဲ၊ မဟုတ်လို့...ရှင့်ရဲ့မသင့် တော်တဲ့ စကားတွေသာအပြင်ကိုပျံ့နှံ့သွားရင် ဂိုဏ်းချုပ်ချူခွမ်းရန်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတော့မှာပဲ...''

'' ​ဒီတော့ ဘာဖြစ်လို့လဲ၊ ဂရုမစိုက်ပါဘူး...''

ချုခွမ်းရန်က ဂရုမစိုက်သလိုပြောသည်။

  ထို့နောက် မင်းသမီးလင်းလုံ၏အကူအညီဖြင့် ချူခွမ်းရန်လည်း ဝတ်စားဆင်ယင်ပြီး ပွဲသဘင်ခန်းမသို့ ထွက်လာခဲ့သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now