အပိုင်း ၃၅၄ ခေါင်းကိုးလုံးမြွေနဂါးပြန်လည်ရှင်သန်လာခြင်း၊ကျောက်သမုဒ္ဒရာ ကျိန်စာ

467 44 0
                                    

အပိုင်း ၃၅၄  ခေါင်းကိုးလုံးမြွေနဂါးပြန်လည်ရှင်သန်လာခြင်း၊ ကျောက်သမုဒ္ဒရာ ကျိန်စာ၊ လီဇီက ခေါင်းကိုးလုံးမြွေနဂါးကို ထိန်းကျောင်းခြင်း

   ရေနက်အိုင်သည် ခေါင်းကိုးလုံးကလန်၏ တားမြစ်နယ်မြေထဲမှတစ်ခု ဖြစ်၏။ ထိုနေရာသည် စိုစွတ်သောနယ်မြေဖြစ်ပြီး ပတ်ဝန်းကျင်ရှိ စိမ့်ဓာတ်ငွေ့များက အလွန်အဆိပ်သင့်သောကြောင့် မြင့်မြတ်သခင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူတိုင်းကို များစွာ ထိခိုက်နစ်နာစေသည်။

ထိုအချိန်တွင်၊ လူနှစ်ဦးက ဤနေရာသို့ ခြေလျင်လျှောက်လာကြသည်။

   တစ်ယောက် ရှေ့မှာဖြစ်ပြီး နောက်တစ်ယောက်က နောက်မှ လိုက်လာသည်။
လမ်းကို ဦးဆောင်လာသူမှာ ကျောက်သမုဒ္ဒရာမျှော်စင်မှ အင်ပါရီယန်လျှောက်လှမ်းသူဖြစ်သော လီဇီဖြစ်ပြီး သူ့နောက်ရှိသူကား အဇူရာတော်ဝင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား ဂူချန်းဂီ ဖြစ်လေသည်။

   သူတို့နှစ်ဦးသည် တောအုပ်အနက်ပိုင်းသို့ တိုးဝင်လာကြ၏။
တောအုပ်အတွင်း၌ မီတာရာနဲ့ချီ ရှည်လျားပြီး ၎င်း၏ခန္ဓာကိုယ်မှ ခေါင်းများစွာ ပေါက်နေသော ကြောက်မက်ဖွယ်သားရဲတစ်ကောင် လှဲလျောင်းနေသည်... ၎င်းက ခေါင်းကိုးလုံးမြွေနဂါးဖြစ်၏။

   ခေါင်းကိုးလုံးမြွေနဂါးက မြေပြင်‌ပေါ် လှဲနေပြီး အချိန်အတော်ကြာကတည်းက သေသွားပုံပေါ်သော်လည်း ၎င်း၏ ရက်စက်ကြမ်းကြုတ်သောအော်ရာက သူ့ကိုယ်၌ ထင်ရှားနေဆဲဖြစ်သည်။ ထို့အတွက်ကြောင့် အိုင်အတွင်းသို့ သက်ရှိသတ္တဝါများ မဝင်ရဲကြချေ။

  အမှန်တွင်၊ ရေနက်အိုင်အား ဤသက်ရှိ၏ အော်ရာ ယိုစိမ့်မှုက ဖန်တီးထားခြင်းဖြစ်သည်။

“ တကယ်ကို ရှေးဟောင်းသားရဲတစ်ကောင်ပဲ။ သေသွားတာ နှစ်ပေါင်းများစွာ ကြာနေတာတောင် ဒီလိုကြောက်မက်ဖွယ်အော်ရာကို ပိုင်ဆိုင်ထားသေးတယ်”
လီဇီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့်‌ တောက်ပနေသည်။

  ဤသားရဲကို ထိန်းကျောင်းနိုင်ပါက မဟာစစ်ပွဲခေတ်၌ အင်ပါယာနယ်ပယ်သို့တက်လှမ်းရန် လိုအပ်သော အားသားချက်များအားလုံးကို သူတို့ ရရှိနိုင်ပေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now