276-280

753 57 4
                                    

အပိုင်း ၂၇၆ ကျားဖြူကုန်းမြေသို့ ဦးတည်ခြင်း၊ ဒီလိုနန်းတော်မျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ငါတို့ ဘာလို့ စိတ်ဝိညာဥ်ယှဥ်မပြိုင်တာလဲ

“ ဒီတီးလုံးက အဲ့တာအိုဆရာသခင်တွေကို ဉာဏ်အလင်းအခြေအနေထဲ ရောက်စေတာပဲ”

  ‌ကောင်းကင်နက်ဂိုဏ်း၏ ပညာရှင်များက အတော်လေး အံ့သြကြလေသည်။

   ချူခွမ်းရန်၏ သံစဥ်တွင် ထိုကဲ့သို့ သက်ရောက်မှုမျိုး ရှိလိမ့်မည်ဟု ဘယ်သူသိနိုင်မည်နည်း။ သို့ရာတွင်၊ ထိုတီးလုံးထဲရှိ တာအိုစည်းချက်အကြောင်းကို တွေးမိလိုက်ရာ ၎င်းက အမှန်တကယ် အဓိပ္ပာယ်ရှိမှန်းသိလာကြသည်။

   ထိုကုချင်း သံစဥ်ကား တကယ်ကို နားထောင်လို့ ကောင်းပေသည်။
   ၎င်းက သဘာဝ အသံနှင့် တူလေ၏။ 
   ချူခွမ်းရန်၏ လေ့ကျင့်ခန်း နေ့ရက်များအောက်တွင် ထိုလူအနည်းစုသည် ထိုးထွင်းသိမြင်မှု များစွာကို စုဆောင်းထားပြီး ဖြစ်သည်။ ယခု၊ ကုချင်းသံစဥ်၏ လမ်းညွှန်မှုဖြင့် သူတို့၏ ဦးနှောက်ကို ဖိအားပေးကာ ဉာဏ်အလင်းကို အခြေအနေကို ဝင်ရောက်စေ၏။ သူတို့၏ ခွန်အားဟာလည်း ခုန်ပြန်ကျော်လွားကာ တိုးတက်လာခဲ့သည်။

   “ လန်ယု၊ နောင်မှာလည်း မင်းအတွက် ဒီကုချင်းကို တီးခတ်ပေးအုံးမယ်”
ချူခွမ်းရန်သည် ပြုံးပြပြီး ကုချင်း‌ဘေးမှ ထွက်သွားလေသည်။

   မကြာမီမှာပင်၊ သူ့စိတ်ထဲတွင် တစ်ခုခု ပေါ်လာသလို ခံစားရပြီး လန်ယုကို ပြောလိုက်သည်။

“ ဒါနဲ့၊ ငါ ဒီကုချင်းကို နာမည်တစ်ခုပေးသင့်တယ်ထင်လား”

“ လွင့်မြော တေးသွား၊ ဒီကုချင်းကို လွင့်မြောတေးသွား လို့ခေါ်တယ်”

   လန်ယုက ညင်သာစွာ ဖြေလိုက်သည်။
“ ဒီနာမည်ကို အကြီးအကဲရူဟန်က ရွေးထားတာ”

   အကြီးအကဲရူဟန်က သူမကို ကုချင်း ပေးလိုက်သည့်အချိန်ကို ကောင်းကောင်း မှတ်မိသေး၏။ သူမသည် ဤနာမည်ကို လန်ယုအား လေးလေးနက်နက်ပြောကာ ချူခွမ်းရန်ကို နာမည်မပေးစေရန် သတိပေးခဲ့သည်။
ချူခွမ်းရန်၏ နာမည်ပေးသည့် စွမ်းရည်ကို အခွင့်ရေးနည်းနည်းမျှ မယူတော့ချေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now