အပိုင်း ၃၈၂ ကျိုးကြောင်းမဆီလျော်သော

448 41 0
                                    

အပိုင်း ၃၈၂ ကျိုးကြောင်းမဆီလျော်သော၊ ပင်လယ်ကျွန်းသုံးဆယ့်ခြောက်ခု၏ ယဇ်ပူဇော်ရန်ပစ္စည်းများ၊ ယောင်္ကျားလေးနှင့်မိန်းက​လေးသုံးထောင်

    '' ပြောပါဦး...ငါတို့ဒီကိစ္စကိုဘယ်လိုဖြေရှင်းသင့်လဲ...''

    ချူခွမ်းရန်၏စကားကိုကြားသောအခါ လူတိုင်း၏မျက်လုံးများကပြူးကျယ်သွား၏။

    ' ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတာက ဘာပြောချင်တာလဲ...'

   ' မင်းက တိမ်ရိုင်းသတ္တုတွေအကုန်လုံးကိုပြန်ရသွားပြီလေ၊ ပြီးတော့ ဓားသွားနက်ကျွန်းကိုပါ တစ်စစီလုပ်ပစ်သေးတာမလား၊ ဖြေရှင်းချက်တောင်းတဲ့သူက ငါတို့ဖြစ်သင့်တာလေ...'

   '' ချုခွမ်းရန်၊ မင်း တိမ်ရိုင်းသတ္တုတွေအကုန်ပြန်ရသွားပြီမလား၊ မင်းကျွန်းကိုဖျက်စီးခဲ့တဲ့ ကိစ္စကိုတော့ ငါတို့ဒီအတိုင်းထားပေးလိုက်မယ်၊ ဒီကိစ္စကိုဆက်မ​ပြောတာကောင်းမယ်...''

    သိမ်းငှက်နှာခေါင်းနှင့်လူအိုကြီးက ဒေါသကိုထိန်းချုပ်ကာပြောလိုက်သည်။

    '' ဒီအတိုင်းထားလိုက်ရမယ်ဟုတ်လား၊ ဘာကြောင့် ငါကဒီအတိုင်းထားလိုက်ရမှာလဲ...''

   '' မင်းတို့ကောင်တွေက ငါ့ပစ္စည်းကိုခိုးယူသွားခဲ့လို့လေ၊ ဒါကြောင့်ငါက ဒီကိုလာပြီး ပစ္စည်းတွေကိုတကူးတကလာယူရတယ်၊ ဒါတောင် မင်းတို့ထဲကတစ်ချို့က ငါ့ကိုလိမ်ရဲသေးတယ်၊ ဒီတော့ ငါနောက်တစ်ကြိမ်ထပ်မေးမယ်၊ ဒီကိစ္စကိုဘာကြောင့် ဒီအတိုင်းထားလိုက်ရမှာလဲ...''

    ချုခွမ်းရန်က အေးစက်နေသောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော တာအိုစည်းချက်များထုတ်လွတ်လာပြီး သိမ်ငှက်နှာခေါင်းနှင့်လူကြီးအပါအဝင် ကျန်လူများကို တောင်တစ်လုံးပမာဖိနှိပ်လိုက်လေသည်။

   သူ၏ဖိနှိပ်မှုကြောင့် ထိုလူအိုကြီးမှာဒေါသထွက်လွန်းသဖြင့် သူ၏တစ်ကိုယ်လုံးတုန်ခါနေလေ၏။

   '' ချူခွမ်းရန်...၊ မင်းပစ္စည်းတွေအကုန်ပြန်ရပြီးပြီမလား၊ ပြီးတော့ မင်းကိုလှည့်စားခဲ့တာ အကြီးအကဲနဲ့ ဟိုတပည့်လေ ငါတို့မှမဟုတ်တာ၊ ဒါဆိုရင် မင်းကငါတို့ကိုဘာလုပ်ချင်နေတာလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now