အပိုင်း ၅၉ ပညာရှင် တစ်ဦးကျဆုံးခြင်း

657 70 1
                                    

အပိုင်း ၅၉ ပညာရှင် တစ်ဦးကျဆုံးခြင်း၊ တောက်ပသောလမင်းဦးညွတ်ခြင်း၊ ဝန်ဆောင်ခ

''ဟမ့်...လွတ်ချင်တယ်တဲ့လား...ခင်ဗျားအတွက် ပြေးစရာမြေမရှိဘူး...''

ချူခွမ်းရန်က အလင်းနက်၏ပညာရှင်စိတ်ဝိညာဥ်လွတ်မြောက်ရန် ကြိုးစားနိုင်ကြောင်းကို ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့်သူသည် ဓားကိုးစင်းကောင်းကင်အကျဥ်းထောင်ကို ထုတ်လွှတ်ကာ ဧရာမတိုင်ကိုးလုံးဖြင့် ဧရိယာတစ်ခုလုံးကိုပိတ်ဆိုထားလိုက်၏။

ခန္ဓာကိုယ်မရှိသော ပညာရှင် တစ်ယောက်၏စိတ်ဝိညာဥ်မှာ ဘာမှမဟုတ်ပေ။ ထပ်ပြောရလျှင် ပညာရှင် အလင်းနက်သည် လျှို့ဝှက်နယ်မြေ၏ ပျက်စီးမှုများကိုပြင်ဆင်ရန် နှစ်ပေါင်းများစွာ စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုခဲ့ကာ ကန့်သတ်ချက်များပြုလုပ်ခဲ့ရသည်။ ထိုကြောင့် သူ၏ပညာရှင်စိတ်ဝိညာဥ်သည် သူ၏ပျက်စီးသွားသော ကျင့်ကြံခြင်းအခြေခံထက် ပိုမိုဆိုးရွားလျက်ရှိ၏။

ထိုကြောင့် ဓားကိုးစင်းကောင်းကင်အကျဥ်းထောင်ထဲတွင် ပိတ်မိနေပြီး ပြေးစရာနေရာမရှိတော့ပေ။

'' အခု...သေတော့''

ပညာရှင်စိတ်ဝိညာဥ်ကိုဖမ်းမမိလျှင် ဖြုန်းတီးသလိုဖြစ်မည်ကို သိသော်လည်းချူခွမ်းရန်က ဂရုစိုက်ခြင်းမရှိပဲ ကောင်းကင်သက်ဆင်းကို ဝှေ့ယမ်းလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်ဓားအလင်းသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်သွားပြီး ပညရှင်စိတ်ဝိညာဥ်ကို ပိတ်ဆို့လိုက်သည်။

ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရပြီးနောက်တွင် ပညာရှင်စိတ်ဝိညာဥ်သည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွား၏။

ပညာရှင် တစ်ဦးကျဆုံးသွားပြီဖြစ်သည်။

ဤအချိန်အတိုးအတွင်းမှာပင် လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါလာ၏။

သခင်မရှိတော့သဖြင့် မီးခိုးရောင်မြူများသည်လည်း တဖြည်းဖြည်း ပျံ့ကြဲကာ ပျောက်ကွယ်လာသည်။

သက်ရှိသားရဲများ၊ ငှက်များနှင့် တခြားသော တိရိစ္ဆာန်များသည်လည်း ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးလိုက်ကြပြီး ကောင်းကင်နှင့် မြေကြီးကို အနီရောင်မိုးစက်များဖြင့်ဖုံးလွှမ်းသွားလေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now