111-115

777 52 3
                                    

အပိုင်း ၁၁၁ ရှေးခေတ် ကောင်းကင်သားတော်တွေသာ နိုးထလာခဲ့ရင်၊ ဆက်ကျင့်ကြံစရာလိုလို့လား

'' သိချင်လို့...''

ချူခွမ်းရန်က အနည်းငယ်အံ့ဩသွားသည်။

'' ငါကမ္ဘာတစ်ဝန်းလုံးက လူတွေအများကြီးနဲ့တွေ့ဖူးတယ်...တစ်ချို့ကအင်ပါယာတစ်ပါးရဲ့ကျက်သရေရှိတယ်၊ တစ်ချို့က စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စွမ်းရည်တွေရှိတယ်...ပြီးတော့ တချို့က ကောင်းကင်သားတော်တွေ...''

'' ဒါကကြွားဝါသလိုဖြစ်နေမယ်ဆိုပေမဲ့ ၊ ငါတွေ့တဲ့ဘယ်သူပဲဖြစ်ဖြစ် ပညာရှင်ဖြစ်နေပါစေ၊ ငါကသူတို့အကြောင်းကို မပီမသ အမြဲတမ်းမြင်ရတယ်...''

'' ဒါပေမဲ့... မင်းရဲ့ဘုန်းကံကတော့ ခြွင်းချက်ဖြစ်ပုံရတယ်...''

ကံဟောကြားသူက စကားကိုရပ်လိုက်ပြီး ချူခွမ်းရန်ကိုစိုက်ကြည့်လိုက်၏။

'' မင်းကသာမန်မဟုတ်ဘူး...၊ ငါမင်းရဲ့အတိတ်အနာဂတ်နဲ့ပတ်သတ်ပြီး ဘာမှမမြင်ရဘူး၊ မင်းကိုကြည့်ရတာ အချိန်မြစ်ထဲမှာ မတည်ရှိတဲ့အတိုင်းပဲ..၊ ဒါကအံ့ဩစရာကောင်းတယ်...''

ချူခွမ်းရန်ကမျက်​မှောင်ကြုတ်လိုက်၏။

သူကအချိန်မြစ်ထဲမှာ မတည်ရှိဘူးလား...။

အဲ့တာက သူတခြားကမ္ဘာကနေ ကူးပြောင်းလာခဲ့လို့များလား...။

ထိုသို့တွေးလိုက်မိသည်နှင့်ထူးဆန်းသော ခံစားချက်တစ်ခုသူ့နှလုံးသားထဲသို့ဝင်ရောက်လာခဲ့သည်။

'' ဒါက ကောင်းတာလား...ဆိုးတာလား...''

'' ငါလည်းမသိဘူး...''

ကံဟောကြားသူက ခေါင်းခါလိုက်၏။

'' ဒါပေမဲ့ မင်းကအချိန်မြစ်ရဲ့ဘယ်နေရာမှာမှမတည်ရှိတော့...ငါ့ရဲ့ခန့်မှန်းချက်တွေက အသုံးဝင်မှာမဟုတ်ဘူး...နောက်တနည်းပြောရရင် အဲ့ဒါကိုအသုံးချပြီးတော့ မင်းကိုဘယ်သူမှမဆန့်ကျင်နိုင်တော့ဘူး...ဒါကကောင်းတာလို့ပြောလို့ရပါတယ်...''

ချူခွမ်းရန်က 'အင်း'ဟု အသံပြုလိုက်ကာ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူကထိုအရာကို ခေါင်းမှထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို စိတ်မပူရန်ပြောလိုက်သည်။သူ၏အနာဂတ်ကို ဘယ်အရာကမှခန့်မှန်းမရချေ။ဒီတော့ အချိန်မြစ်ကရော ဘာအရေးလဲ...။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now