အခန်း ၃၈ အလိမ်အညာပွဲ၊ သတ္တမဘိုးဘေးထွက်လာခြင်း

716 76 1
                                    

အခန်း ၃၈ အလိမ်အညာပွဲ၊ သတ္တမဘိုးဘေးထွက်လာခြင်း

ရွှေကြာပန်းသည် အပြည့်အဝပွင့်လန်းနေပြီး ထူးဆန်းသောရနံ့တစ်ချို့သည် လေထဲတွင်ပျံ့လွင့်လျက်ရှိနေသည်။

တခဏအကြာတွင် ကြာပန်းသည် ပြန်လည်ပိတ်သွားလေ၏။

လူများသည်ချူခွမ်းရန်နှင့် လန်ယုတို့နှစ်ယောက်လုံးကို မယုံကြည်နိုင်စွာဖြင့် အံ့အားတကြီးငေးကြည့်လျက်ရှိကြသည်။သည်နှစ်ယောက်သည် ယခုအချိန်တွင် ကမ္ဘာပေါ်ရှိ အတော်ဆုံးကောင်းကင်သားတော်များဖြစ်ကြောင်းကို မေးခွန်းထုတ်စရာပင်မလိုချေ။

ဤအကြောင်းကိုတွေးမိသည့်လူများက သက်ပြင်းမချပဲ မနေနိုင်ချေ။

ကောင်းကင်ကြီးသည် တရားမမျှတပေ။သူတို့သည် ကျင့်ကြံခြင်းနှင့် ဝိညာဥ်စွမ်းအားတွင် ထူးချွန်ကြသည့်အပြင် ရုပ်ရည်မှာလည်း ချောမောလှပကြသေးသည်။သူတို့နှင့် မိမိကိုကိုယ် နှုိင်းယှဥ်ကြသူများသည် မည်သည့်အခါမျှကျေနပ်ကြလိမ့်မည်မဟုတ်ချေ။

ချက်ချင်းဆိုသလိုပင် အသားများနှင့် ဝိုင်တို့မှာလည်း အရသာမရှိသလိုဖြစ်သွားရ၏။၄င်းတို့ကို အနည်းငယ်မျှတို့ထိခြင်းမရှိပဲ ပြန်လည်ယူဆောင်လိုက်ကြရသည်။

'' အို..ဟုတ်သားငါမေ့နေတာပဲ...ကျောက်စိမ်းဖြူဟိုတယ်မှာ အရက်အသစ်တစ်မျိုးရောက်​ေနတယ်...ငါတို့စမ်းသောက်ကြည့်ကြတာပေါ့...''

နောက်ဆုံးတွင် လီချင်းချန်က ဝင်ပြောလိုက်သည်။သူက လေထုသည် တစ်မျိုးကြီးဖြစ်နေသည်ကို သတိထားမိသည်။

သို့သော်လည်း သူ၏စကားကြောင့် လူများမှာပြန်လည်တက်ကြွလာကြသည်။နောက်ဆုံးတွင် ပွဲသည် အောင်မြင်စွာပြီးဆုံးသွားလေ၏။

....

နောက်တစ်ရက်နံနက်ခင်းတွင်

ချူခွမ်းရန်ကဝိညာဥ်စွမ်းအားလေ့ကျင့်နေရာမှ နိုးထလာသည်။

သူ၏လုပ်ရိုးစဥ်အတိုင်း ချူခွမ်းရန်က စိတ်ကူးယဥ်လှည့်ဘီးကို လှည့်လိုက်၏။

သံအဆင့်...ထိပ်တန်းဝိညာဥ်ကျောက်တုံးများ..

၄င်းသည် သာမန်ကျင့်ကြံသူများအတွက် တန်ဖိုးရှိသောအရာဖြစသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now