အပိုင်း ၄၀ အသူရာနတ်ဆိုးနတ်ဘုရားတစ်ပါး၏နည်းလမ်း

793 77 0
                                    

အပိုင်း ၄၀ အသူရာနတ်ဆိုးနတ်ဘုရားတစ်ပါး၏နည်းလမ်း၊ ဟင်းသီးဟင်းရွက်လှီးဖြတ်သလို၊ အားနည်းလွန်းတယ်

သတ္တမဘိုးဘေးသည် ​ေလထုအလယ်တွင်ရပ်​ေန၏။တာအိုစည်းချက်တို့သည် သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားလေ၏။ပြင်းထန်သော ဝိညာဥ်စွမ်းအားတို့သည် နေရာအနံ့ကိုပျံနှံ့လျှက်ရှိသည်။သူ၏ဟန်ပန်သည် မြို့တော်ခန်းမကို ခြိမ်း​​​ခြောက် လျက်ရှိသည်။

သတ္တမဘိုးဘေးသည် အိုမင်းအားနည်းနေပြိီး ကောင်ကင်ပျက်စီးခြင်း ငါးဆင့်ကိုရောက်ရှိနေသူဖြစ်သည်။သို့သော် မမျှော်လင့်ပဲ သူ၏အထွဍ်အထိပ်အခြေအနေသို့ ပြန်ရောက်လာ၏။လူများသည် သူ့ကိုကြည့်ရင်း အလွန်ကြောက်လန့်လာကြသည်။

သာမန် သက်တမ်းတိုးဆေးတစ်လုံးက ဒီလိုအကျိုးသက်ရောက်မှုရှိရဲ့လို့လား....။လူများသည် အံ့အားသင့်နေကြသည်။

သက်တမ်းတိုးဆေးများသည် အဆန်းတော့မဟုတ်ပေ။သို့သော် ဤကဲ့သို့အကျိုးသက်ရောက်မှုရှိသော သက်တမ်းတိုးဆေးကိုသူတို့မကြားဖူးကြချေ။ထိပ်တန်းကျင့်ကြံသူတစ်ယောက်ကို သူရဲ့ နဂိုအခြေအနေကိုပြန်ရောက်စေတယ်တဲ့လား...။

'' ဟား...ဟား..ငါဒီလိုမခံစားရတာအတော်ကြာပြီပဲ...''

သတ္တမဘိုးဘေးက ကျယ်လောင်စွာရယ်မောလိုက်သည်။သူသည် အရင်က ကဲ့သို့လူအိုတစ်ယောက်မဟုတ်တော့ပေ။သူဆံပင်များမှာနက်မှောင်နေပြီးသူ၏မျက်လုံးများမှာလည်း နေကဲ့သို့တောက်ပလျက်ရှိသည်။သူသည် အသက်လေးဆယ်ကျော်အရွယ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

သူက မြင့်မြတ်သခင် တိမ်ဖြူဓားသမားကိုကြည့်ကာပြောသည်။

'' မင်းက ငါ့ရဲ့အကောင်းဆုံးအခြေအနေမှာ တိုက်ခိုက်ချင်တယ်လို့ပြောတယ်မလား....အခုအဲ့ဒီအချိန်ပဲ...''

မြင့်မြတ်သခင် တိမ်ဖြူဓားသမား၏ မျက်နှာမှာ လွန်စွာတင်းမာနေသည်။

သူကချူခွမ်းရန်ထံတွင် သတ္တမဘိုးဘေးကို သူ၏နဂိုအခြေအနေကိုပြန်လည်ရောက်စေနိုင်သော ဤမျှအားကောင်းသည် သက်တမ်းတိုးဆေးရှိလိမ့်မယ်ဟု မထင်ထားခဲ့ပေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now