201-205

670 56 1
                                    

အပိုင်း ၂၀၁ ထပ်ပြီးမရဏနန်းတော်ကလူတွေပဲလား၊ ခေါင်းသုံးလုံးမရဏခွေးက အသုံးမဝင်တော့ဘူးပဲ...

'' ကျေးဇူးတင်ရမယ်ဟုတ်လား...ငါမင်းကိုအခုသတ်လိုက်တာကောင်းမယ်ထင်တယ်...''

ထိုအချိန်တွင်အေးစက်စက်အသံတစ်သံကထွက်ပေါ်လာလေ၏။

အနက်ရောင်ဝတ်စုံနှင့် ထူးခြားဆန်းကြယ်သောလူကြီး၏အမူအရာက အေးခဲသွား၏။သူကနောက်မယုံကြည်နိုင်စွာဖြင့်လှည့်ကြည့်ကာပြောလိုက်လေသည်။

'' မဖြစ်နိုင်တာ...ဒီနေရာက နတ်ဆိုးချီအသိပ်သည်းဆုံးနေရာပဲ...ပညာရှင်တွေကလွဲပြီး အဓိပတိမြင့်မြတ်သခင်တွေတောင်မှ ဘယ်အကျိုးသက်ရောက်မှုမှမရှိပဲ ရောက်လာနိုင်မှာမဟုတ်ဘူး...''

'' ဘယ်သူလဲ...''

သူနတ်ဆိုးသားရဲကိုလွှတ်ပြီး ပညာရှင်များကနတ်ဆိုးချီများကိုဖိနှိပ်နေချိန်တွင် ၄င်း၏ဝိညာဥ်စွမ်းအားကိုစုပ်ယူရဲသည်က သူ၏ကျင့်ကြံခြင်းအခြေခံနှင့်ဝိညာဥ်ဝါးမျိုခြင်းဓားမြှောင်နှင့်ကအားကောင်းလွန်းသောကြောင့်မဟုတ်ချေ။နတ်ဆိုးသားရဲက ချိတ်တံဆိပ်ကိုဖျက်စီးလိုက်ချိန်တွင်ထွက်ပေါ်လာသော နတ်ဆိုးချီများကြောင့် သူ့အနားကိုမည်သူမှကပ်နိုင်မည်မဟုတ်သည်မှာသေချာသောကြောင့်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အခြေအနေများက သူခန့်မှန်းထားသည်ထက်ကျော်လွန်နေပုံရ၏။

အနက်ဝတ်လူကြီးနှင့် ကြာဖြူကျောင်းတော်၏ခေါင်းဆောင်နှစ်ယောက်လုံးက ထိုအသံလာရာဘက်ကိုငေးကြည့်လိုက်ကြသည်။

သူတို့တွေ့လိုက်ရသည်က အဖြူရောင်ပုံရိပ်တစ်ခုက သူတို့ဘက်ကိုတဖြည်းဖြည်းချဥ်းကပ်လာခြင်းပင်ဖြစ်လေသည်။

ထိုပုံရိပ်သည်လူငယ်တစ်ဦးဖြစ်ပြီး သန့်ရှင်းစင်ကြယ်ပြီးအပြစ်ကင်းစင်သောအဖြူရောင်ဝတ်ရုံရှည်ကိုဆင်မြန်းထား၏။လှပသောဓားတစ်ချောင်းကိုလည်း သူ၏ခါးတွင်ချိတ်ဆွဲထားလေသည်။သူကအဖြူရောင်ခြေနင်း( ဖိနပ်)  ကိုစီးထားပြီး ဆံပင်ရှည်က ခါးအထိဝဲကျနေ၏။သူ၏ထူးကဲသာလွန်သောရုပ်ရည်သွင်ပြင်တွင် မည်သည့်အပြစ်အနာအဆာကိုမှရှာမတွေ့ရချေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now