အပိုင်း ၁၂၆ အင်ပါယာကိုယ်ပွား၊ အင်ပါယာ၏အော်ရာကို အားစိုက်ထုတ်စရာမလိုပဲ ရင်ဆိုင်ခြင်း
အကြီးအကဲသုံး၏ အော်ဟစ်သံသည် လူပေါင်းများစွာ၏ အာရုံကိုဆွဲဆောင်လိုက်၏။
သူတို့ကြည့်လိုက်သောအခါ လေထုအလယ်တွင် အတောင်တစ်ဖက် ပြတ်နေပြီး သွေးများပန်းထွက်နေသော အကြီးအကဲသုံးကိုတွေ့လိုက်ရသည်။သူ၏မျက်နှာမှာ စက္ကူတစ်ရွက်အလား ဖြူဖျော့နေလေ၏။
ပြတ်ကျသွားသော အတောင်တစ်ဖက်ကိုကိုင်ရင်း ချူခွမ်းရန်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူက သူ့လက်ထဲတွင်ရှိနေသော တောင်ပံတစ်ဖက်ကိုကြည့်ကာ ပြုံးလိုက်၏။
'' ဒါနဲ့ကြက်ကင် လုပ်စားလို့ရမလား သိချင်မိတယ်...ငါနဲ့အတူ ဘာအမွှေးအကြိုင်မှ မပါလာတာကရှက်စရာပဲ...''
ထို့နောက်သူက အတောင်ပံကိုလွင့်ပစ်လိုက်ပြီး အကြီးအကဲသုံးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏စစ်ဧကရာဇ်နယ်မြေသည် ပြိုင်ဘက်အားပြင်းထန်စွာ ဖိနှိပ်လျက်ရှိနေ၏။
တောင်ပံနက်မျိုးနွယ်စုနှင့် တောင်ပံမျိုးနွယ်စုနှစ်အုပ်စုလုံးသည် ချူခွမ်းရန်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့ချူခွမ်းရန်ကိုကြည့်သော အကြည့်များထဲတွင် ကြောက်ရွံ့မှုများပါဝင်နေ၏။
သိသင့်သည်မှာ အကြီးအကဲသုံးသည် မြင့်မြတ်သခင် တစ်ဦးဖြစ်သည်။ သူသည် သူ၏အထွတ်အထိပ်အခြေအနေတွင် မရှိပဲ ဖြစ်နေပေမဲ့လည်း သူသည် မြင့်မြတ်သခင်တစ်ဦးဖြစ်နေသေး၏။
မြင့်မြတ်သခင်တစ်ဦးကို လွယ်လွယ်ကူကူနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေ ရန်မှာ ချူခွမ်းရန်အတွက် သာမန်စွမ်းဆောင်မှု တစ်ခုမဟုတ်ပေ။ ပိုအရေးကြီးသည်မှာ သူကဤမျှ အသက်ရွယ်ငယ်ငယ်နှင့် စစ်ဧကရာဇ်တစ်ယောက် ဖြစ်နေသေးသည်။တကယ်လို့သူသာ ဒီထက်ကြီးလာရင် ဘယ်လောက်သန်မာလာမှာလဲ...။
'' ငါအကြီးအကဲသုံးကို အလွယ်တကူ အနိုင်ယူဖို့ ယုံကြည်ချက်မရှိပေမဲ့ ချုခွမ်းရန်ကလုပ်နိုင်ခဲ့တယ်...၊ သူကတကယ် သန်မာတဲ့ပြိုင်ဘက်ပဲ...''
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...