အပိုင်း ၃၄၈ လေးနက်သောအကြုံပြုချက်၊ မင်းတို့အားလုံးအတူတိုက်ကြ

497 54 3
                                    

အပိုင်း ၃၄၈ လေးနက်သောအကြုံပြုချက်၊ မင်းတို့အားလုံးအတူတိုက်ကြ

'' ဟ..ဟ...သူနောက်ဆုံးတော့ထွက်လာပြီပေါ့...''

'' ချူခွမ်းရန်...ငါတို့မင်းကိုမျှော်နေတာ...''

'' ဒီလောက်ကြာကြာစောင့်ပြီးမှ...စိတ်ရှည်ခြင်းရဲ့အသီးအပွင့်ကိုခံစားရပြီပေါ့...''

ကောင်းကင်နက်ဂိုဏ်းထဲတွင်စောင့်ဆိုင်းနေကြသော အင်ပါရီယန်လျှောက်လှမ်းသူလေးဦးတို့က အလင်းတန်းအသွင်ပြောင်းသွားပြီး တစ်ဦးပြီးတစ်ဦး ကောင်းကင်အင်ပါယာနန်းတော်သို့ ဦးတည်လိုက်ကြသည်။

နန်းတော်ထဲတွင် ချူခွမ်းရန်က လျိုပင်း၊ လန်ယုတို့နှင့်စကားပြောလျှက်ရှိနေပြီး နတ်ဘုရားဖီးနစ်က သူ့အနီးတွင်ရှိနေသည်။

ရုတ်တရက် သူကတစ်စုံတစ်ရာကိုခံစားလိုက်ရဟန်ဖြင့် အဝေးတစ်နေရာသို့ကြည့်လိုက်သည်။

'' ဒီစက်ဆုတ်စရာကောင်းတဲ့ အကောင်တွေရှိနေတုန်းပဲလား...''

ချူခွမ်းရန်၏ မျက်နှာအမူအရာကပြောင်းလဲသွားသည်။

   ၄င်းကပုံမှန်စိန်ခေါ်မှုတစ်ခုဆိုလျှင် သူကစိတ်အနှောင့်အယှက်ဖြစ်နေစရာမလိုပေ။သို့သော် အောင်မြင်ကျော်ကြားမှုကိုလူတိုင်းနှစ်သက်၏။လူအများအပြားက သူ့ကိုအနိုင်တိုက်ခိုက်ကာ သူ့နေရာတွင်အစားထိုးချင်ကြသည်။ဤ အင်ပါရီယန်လျှောက်လှမ်းသူများသည်လည်း ချူခွမ်းရန်ကို အနိုင်ယူကာ သူတို့ကိုယ်သူတို့နာမည်ရအောင်လုပ်ပြီး သူတို့၏နောက်ကွယ်ရှိ အဖွဲ့အစည်းအများကိုဂုဏ်တက်အောင် လုပ်ချင်ကြ၍ဖြစ်သည်။

သို့သော် စိန်ခေါ်မှုက စိန်ခေါ်မှုသာ​ဖြစ်သည်။ကောင်းကင်နက်ဂိုဏ်း၏ အများပိုင်နယ်မြေများကို ဖျက်လိုဖျက်စီးလုပ်ရန်မလိုပေ။

ကောင်းကင်နက်ဂိုဏ်းရဲ့ ဝိညာဥ်ကျောက်တုံးတွေက ကောင်းကင်ကနေကျလာတယ်လို့ထင်နေတာလား။ထိုဝိညာဥ်ကျောက်တုံးများကို သူတို့ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ရှာဖွေထားခြင်းဖြစ်သည်။

'' ဟား...ဟား...၊ ချူခွမ်းရန် နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now