အပိုင်း ၃၇၀ ဘယ်လိုနည်းလမ်းနဲ့ နိုင်နိုင် နိုင်ပွဲက နိုင်ပွဲပဲ

449 52 0
                                    

အပိုင်း ၃၇၀  အတူအတူ လုပ်ကြစို့၊ ရှက်စရာမဟုတ်၊ ဘယ်လိုနည်းလမ်းနဲ့ နိုင်နိုင် နိုင်ပွဲက နိုင်ပွဲပဲ

“ မင်းကို ငါအနိုင်မယူနိုင်ဘူးဆိုတဲ့ ခံစားချက်ကို မင် ဘယ်ကရသွားတာလဲ”

ချူခွမ်းရန်သည် ကျင့်ပီကြွယ်ကို ဘေးတစ်စောင်းကြည့်လိုက်ပြီး သူ့လက်ကို မြှောက်ကာ များပြားစွာသော ဝိညာဥ်စွမ်းအင်များကို စုစည်းလိုက်သည်။ ဤတစ်ကြိမ်တွင်၊ ပိုပြီးပြင်းထန်သော လက်သီးနက်တစ်ခုကို ပစ်ထုတ်လိုက်၏။

ဤထိုးချက်မှ စွမ်းအားသည် ရှေ့ကတစ်ချက်ထက် များစွာ သာလွန်၏။ ကျင့်ပီကြွယ်သည် သူ့ခေါင်းပေါ်တွင် နောက်ထပ်ရွှေရောင်တောင်တန်းတစ်ခုကို ဖြစ်ပေါ်စေပြီး ဝင်လာသော ထိုးနှက်ချက်ကို ဆောင့်တိုက်လိုက်သည်။

လက်သီးနှင့် တောင်တန်းတို့ တိုက်မိသောအခိုက်အတန့်တွင် လေထဲတွင် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။ လက်သီးနက်သဏ္ဍာန်က ထိုရွှေရောင်တောင်တန်းကို ချက်ချင်း ဖျက်ဆီးလိုက်ပြီး ကျင့်ပီကြွယ်၏ခန္ဓာကိုယ်ကို တိုးဝင်သွားသည်။

ကျင့်ပီကြွယ်သည် ကြိုးပြတ်သွားသော စွန်တဖွယ် နောက်သို့ လွင့်စင်သွားပြီး မြေပြင်ဒလိမ့်ကွေးကျကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူရသွားသော ဒဏ်ရာများက ပြင်းထန်၏။

ထိုလက်သီးချက်က အခင်းဖြစ်ရာရှိ အင်ပါရီယန်လျှောက်လှမ်းသူတိုင်းကို တုန်လှုပ်စေသည်။

“ ဘယ်လိုတောင် ကြောက်စရာ‌ကောင်းတဲ့ လက်သီးစွမ်းအင်လဲ”

“ ဒီကောင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီအမြင့်ထိတောင် ရောက်နေပြီလားဟ”

လင်းရှောင်၊ လီဖုဖျင့် နှင့် ကျန်သူများက ထိတ်လန့်စွာ မျက်လုံးပြူးလျက် စိုက်ကြည့်နေကြသည်။

သူတို့၏ ထိတ်လန့်မှုနှင့် ဆန့်ကျက်ဘက်အနေဖြင့်၊ ချူခွမ်းရန်နှင့်တိုက်ခိုက်ဖူးသော ကျန့်လုံ၊ ဖုန့်ယောင်ရောင်၊ ကော်စန်း နှင့် ယဲ့ရှင်းတို့ကား အရမ်းကြီး မအံ့သြကြပေ။

ချူခွမ်းရန်က သူတို့အားလုံးကို ကိုယ်တိုင် ရိုက်နှက်ခဲ့သည် မဟုတ်လော။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now