အပိုင်း ၉ ထူးခြားသောတာအိုခန္ဓာကိုယ် ၊ လူသားတောင် တံဆိပ်တော်

1.2K 114 0
                                    

အပိုင်း ၉
ထူးခြားသောတာအိုခန္ဓာကိုယ် ၊  လူသားတောင် တံဆိပ်တော်

ဒါက စိန်ခေါ်မှု တစ်ခုလား?

ချူခွမ်းရန် သည် မုရုံချန်း ကို ကြည့်လိုက်၏။
သူတို့ နှစ်ယောက် အကြည့်ချင်းဆုံသောအခါ ဘေးနားက တပည့်တွေကို ဖိအားဖြစ်သော အရှိန်အဝါ ထွက်ပေါ်စေသည်။

'' မုရုံချန်.... ၊ ကြက်သွေးရောင်နေမင်း  တာအိုခန္ဓာ ၊ ကျင့်ကြံခြင်း အဆင့်...  စဦးစိတ်ဝိညာဏ် ပြီးပြည့်စုံခြင်း အဆင့် ၊သူ ကျင့်ကြံနေတာက  ထိပ်တန်းကျင့်စဥ် နေကိုးစင်းကောင်းကင် ကျင့်စဥ်  နှင့် မဟာကျင့်စဥ် ကောင်းကင်နေဓါပညာရပ် တွေကို လေ့ကျင့်ထားတယ် ''

သူနှင့် သက်ဆိုင်သော သတင်းအချက်အလက်တွေက ချူခွမ်းရန် ရဲ့ စိတ်အာရုံ ဆီသို့ ရောက်ရှိလာခဲ့သည်။

ကြက်သွေးရောင်နေမင်း တာအိုခန္ဓာကိုယ်  ကလည်း မဟာခန္ဓာဖွဲ့စည်းပုံ ၃၀၀၀ ထဲက တစ်ခုပါဘဲ ။

ထိုဟာက ထိပ်တန်း တာအိုခန္ဓာ ဖြစ်တဲ့ ထူးကဲကောင်းမွန်သော ဝင်ပေါက်ကိုးခု ဓါးနှလုံးသားလောက် မပြည့်စုံ ပေမဲ့လည်း သူ့ ဘာသာသူတော့ အထင်းကြီးစရာ ဖြစ်ပေသည်။ အများကလက်ခံထားတာကတော့ ဒီ ခန္ဓာကိုယ် တွေက အမြဲ အံ့သြ တစ်ကြီး ဖြစ်စေတာပါဘဲ. ။

သူက မဟာကျင့်စဥ် နှင့် ထိပ်တန်း ကျင့်စဥ်များကို ကျင့်ကြံထာသည်။

မုရုံချန်း ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သူ့နယ်ပယ်အတူတူ မှာ ရှိတဲ့ ကျင့်ကြံသူ တွေထက် သာလွန်ပေသည်။

ချူခွမ်းရန် က ပြုံးပြီးတော့....

'' ဟမ့်.... ငါက အခုမှ ရွှေအမြူတေ အဆင့်ရောက်ရုံဘဲ ရှိသေးတယ်... ဒါပေမဲ့ မင်းက စဦးစိတ်ဝိညာဏ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ။ မင်း..ငါ့ကို စိန်ခေါ်တာက အရှက်မရဘူးလား? ကိုယ့်မျက်နှာထူတာကို မသိဘူးလား? ''

'' မင်းက ငါ့ ကျင့်ကြံခြင်း အဆင့် ဘယ်လောက်လဲ ဆိုတာကို သိတာလား?''
မုရုံချန် တစ်ယောက် အနည်းငယ် ထိတ်လန့်သွားသည်။

မည်သို့ဆိုစေကာမူ...၊ သူက သူ့အကြောင်းအမှန်တွေကို ချပြလေ့ မရှိ ။ သူက စဦးစိတ်ဝိညာဏ် ပြီးပြည့်စုံခြင်း အဆင့်သို့ ချိုးဖြတ်သွားကို တစ်ချို့သူတွေက သိပေမဲ့လည်း
သတင်းမပျံ့လောက် နိုင်သေးပါ။
ဤ အတိုင်းပဲ တစ်ယောက်ယောက်ဆီက ချူခွမ်းရန် သတင်းကြားတယ်ဆိုတာက ​မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်ပေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tahanan ng mga kuwento. Tumuklas ngayon