အပိုင်း ၆၆ ထိပ်တန်းတာအိုခန္ဓာနှစ်ခုထိပ်တိုက်တွေ့ဆုံခြင်း၊ ငါဖြစ်နေလို့ရှုံးတာ
'' ငါငြင်းဆန်တယ်...''
စိတ်ဝိညာဥ်ကလေးငယ်က ေအးစက်သောလေသံဖြင့်ပြောလိုက်၏။
ထိုဒဏ္ဍာရီလာဆေးပင်သည် မည်မျှတန်ဖိုးကြီးသည်ကိုသိသောကြောင့်သူက လက်မလွှတ်နိုင်ပေ။
' ဒါ့အပြင်ငါကမင်းပြောတဲ့အတိုင်း လက်လျှော့လိုက်ရင်...ငါ့ရဲ့ဂုဏ်သိက္ခာကျဆင်းသွားတာပေါ့...'
' ဒီမှာရှိနေတဲ့ သူတိုင်းကကောင်းကင်သားတော်တွေပဲလေ... တိုက်ခိုက်ရတာကိစ္စကြီးမှမဟုတ်တာ...။'
'' မင်း လိုင်အိုကိုသတ်ခဲ့တယ်လို့ကြားတယ်...ကောင်းတယ်၊ မင်းမလုပ်ရင်တောင် ငါလုပ်တော့မလို့ပဲ...''
သွေးဝိညာဥ်ကလေးငယ်ကအေးစက်စွာပြန်ပြော၏။
'' မင်းသူနဲ့ ပြဿနာရှိဖူးလို့လား...''
ချူခွမ်းရန်က မေးလိုက်သည်။
'' မရှိဘူး...၊ ဒါပေမဲ့ သူ့ရဲ့အင်ပါယာငယ်ဆိုတဲ့ဂုဏ်ပုဒ်ကအတော့်ကိုစွမ်းအားကြီးတယ်လေ...၊ အဲ့ဒီခေါင်းစဥ်ကမဆိုးဘူးလို့ထင်တယ်...''
နှစ်ယောက်သားသည် နှစ်ပေါင်းများစွာဝေးကွာနေခဲ့သော သူငယ်ချင်းဟောင်းနှစ်ယောက် ကဲ့သို့စကားပြောနေကြသည်။
သို့သော်လည်းတခြားလူများသည် ဝန်းကျင်တစ်ခုလုံးကို ဖိနှိပိချုပ်ချည်နိုင်သော၊ လွှမ်းမိုးနိုင်သော ေကြာက်စရာကောင်းသည့်အော်ရာများဖုံးလွှမ်းလာသည်ကိုသတိထားမိကြသည်။နှစ်ယောက်သားမှထွက်ပေါ်လာသော မမြင်ရသည့်တာအိုစည်းချက်များသည် အချင်းချင်းတွန်းကန်နေကြသည်။ချူခွမ်းရန်နှင့် ဝိညာဥ်ကလေးငယ်တို့၏အော်ရာများသည် ဆက်တိုက်ဆိုသလိုမြင့်တက်လျှက်ရှိကြသည်။
Booom!
သွေးဝိညာဥ်ကလေးငယ်ကစတင်ကာလှုပ်ရှားလိုက်၏။
သူသည်လေထဲသို့အားယူကာခုန်တက်လိုက်သဖြင့် သူအရင်ကရပ်နေခဲ့သောမြေပြင်မှာပြင်းထန်စွာပျက်စီးသွားသည်။နောက်တခဏတဏအတွင်း သူသည် ချူခွမ်းရန်၏အပေါ်ရှိလေထုထဲတွင်ပြန်ပေါ်လာလေ၏။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...