အပိုင်း ၃၄၅ မြင့်မြတ်သော အင်ပါရီယန်လျှောက်လှမ်းသူများ

488 48 0
                                    

အပိုင်း ၃၄၅  မြင့်မြတ်သော အင်ပါရီယန်လျှောက်လှမ်းသူများ၊ တစ်ယောက်ပြီး တစ်ယောက်စိန်ခေါ်ခြင်း

   ကြေးခွံမျိုးနွယ်နှင့် တိုက်ပွဲပြီးနောက်၊ ချူခွမ်းရန်က ကောင်းကင်နက်ဂိုဏ်းသို့ ပြန်သွားလေသည်။

   အံ့သြစရာကောင်းသည်က၊ ချူခွမ်းရန်သည် နောက်ရက်အနည်းငယ်ကြာသည့်တိုင် လှည့်ပတ်မသွားခြင်းပင်။ ထိုအစား၊ သူသည် ကောင်းကင်မျှော်စင်နန်းတော်၌ တံခါးပိတ်ကျင့်ကြံရန်သာ ရွေးချယ်ခဲ့ပြီး အကြီးအကဲများအား စောင့်ကြပ်စေခဲ့သည်။ ချူခွမ်းရန်က အဓိပတိမြင့်မြတ်သခင်တစ်ဦးအဖြစ်သို့ တက်လှမ်းခဲ့သည် မဟုတ်လော။ ဘာကြောင့် နောက်တစ်ကြိမ် တံခါးပိတ်တရားထိုင်ပါသနည်း။

    စိတ်ရှုပ်ထွေးနေသော်လည်း သူတို့သည် ၎င်းအား များများစားစား မတွေးတောပေ။

    ချူခွမ်းရန် တံခါးပိတ်ကျင်ကြံနေစဥ်အတွင်း၌၊ အင်ပါရီယန်လျှောက်လှမ်းသူတို့၏ ထွက်ပေါ်လာမှု သည် ကောင်းကင်ကြယ်တာရာအတွင်း အငြင်းပွားဖွယ်ရာများစွာကို လှုံ့ဆော်ပေး၏။

    ကျော်ကြားသော ပညာရှင်ကျင့်ကြံခြင်းနယ်မြေများသည် လျှို့ဝှက်ကုန်းမြေများမှ အသစ်ရောက်ရှိသူများနှင့် ရင်ဆိုင်နိုင်ဖွယ်မရှိချေ။ အချို့သော ပညာရှင်ကျင့်ကြံခြင်းနယ်မြေများသည် ထိုလျှို့ဝှက်ကုန်းမြေများ၏ စွမ်းအားကို စီးမျောရန် စိတ်အားထက်သန်နေကြ၏။

  သို့ရာတွင်၊ ၎င်းတို့၏ ရည်မှန်းချက်များကို အောင်မြန်ရန် မည်သို့ ရည်ရွယ်ထားကြောင်း ရှင်းရှင်းလင်းလင်း မသိရချေ။

   ထို့အပြင်၊ လျှို့ဝှက်ကုန်းမြေများမှ အင်ပါရီယန်လျှောက်လှမ်းသူများသည် ကောင်းကင်ကြယ်တာရာ၌ ၎င်းတို့၏ စွမ်းအားကို ထုတ်ပြလာသည်နှင့်အမျှ ကောင်းကင်သားတော်များစွာကို အရှက်တကွဲဖြစ်စေ၏။

    လေးစားဖွယ်‌ကောင်းသော အင်ပါယာငယ်များနှင့် ပြိုင်ဘက်ကင်းစစ်သည်တော်ဆယ်ဦးပင် ထိုအင်ပါရီယန်လျှောက်လှမ်းသူများထက် အားနည်းသည်ဟု ယူဆလိုက်ကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now