301-305

607 53 1
                                    

အပိုင်း ၃၀၁  ဒီတစ်ကြိမ် မင်းဘယ်လို နိုင်မလဲ၊ အကြိုဗိုလ်လုပွဲ၊ အမှတ်စနစ်ကို ပထုတ်လိုက်ခြင်း

  စတုတ္ထအချီတွင်၊ ကောင်းကင်နက်ဂိုဏ်းမှ ကိုယ်စားလှယ်ငါးဦးသည် အခြားကျင့်ကြံခြင်းနယ်မြေများအပေါ် လုံးဝ အနိုင်ရခဲ့သည်။

ထိုဖျော်ဖြေမှုက ပရိတ်သတ်များ၏ အားပေးမှုကို ရစေ၏။

    အားလုံးက ကောင်းကင်နက်ဂိုဏ်း၏ နာမည်ကို ကြွေးကြော်နေစဥ်မှာပင်၊ ချူခွမ်းရန်သည် စကားတစ်ခွန်းမှ မပြောဘဲ ပြိုင်ပွဲဝင်သူများရှေ့ကို ချက်ချင်းသွားကာ နွေဦးလေပြေကုသခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။ သိမ်မွေ့သော လေပြေလေညင်းများက ပြိုင်ပွဲဝင်သူများပေါ် ကျရောက်ပြီး သူတို့၏ ဒဏ်ရာများကို လျင်မြန်စွာ ကောင်းမွန်လာစေသည်။

မကြာမီ၊ သူတို့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်တို့သည် အသစ်အတိုင်း ကောင်းမွန်သွားသည်။
    ထိုနည်းစနစ်၏ လုပ်ဆောင်မှုကို မြင်ရာ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။

   ချူခွမ်းရန်၏ လက်ထဲတွင် ဝှက်ဖဲမည်မျှ ရှိမှန်း မည်သူမှ မသိပေ။ သူက လုံးဝ မှန်းဆလို့မရသူ မဟုတ်လော။

    “ ကောင်းပြီ၊ အခု မင်းတို့တွေ အကြွေးစာချုပ်အပိုလိုတာလား”

    ချူခွမ်းရန်သည် လင်းဟူကလန်ခေါင်းဆောင်နှင့် ကျန်သူများကို ကြည့်လိုက်၏။

  ၎င်းကို ကြားသည်နှင့် ကျန်းရီ၏ မျက်လုံးများက ချက်ချင်း လက်သွားသည်။

   “ ဂိုဏ်းချုပ်၊ သူတို့နဲ့ နောက်တစ်ကြိမ် လောင်းထားတာလား”

“ မှန်တယ်၊ လင်းဟူကလန်နဲ့ ကျန်သူတွေက အရမ်းရက်ရောတယ်။ သူတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကို ထုတ်ပေးချင်နေတော့ ငြင်းလို့ မကောင်းဘူးလေ”
ချူခွမ်းရန်က ရယ်မောလိုက်သည်။

သူ့စကားများက လူတိုင်းကို ပေါက်ကွဲသွားစေ၏။
သို့ရာတွင်၊ သူတို့ကား ဘာမှ မလုပ်နိုင်ပေ။

“ ဒီတစ်ကြိမ် ဘယ်လောက်နိုင်တာလဲ”
ကျန်းရီက စိတ်လှုပ်ရှားစွာ မေးသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now