အပိုင်း ၅၇ နတ်ဘုရားအနှစ်သာရ..၊ မြင့်မြတ်သော ကိုးဆင့်ခရမ်းရောင်နန်းတော်
''လူသားတောင် တံဆိပ်တော်...''
'' ကောင်းကင်သတ်ဖြတ်ခြင်းဓားနည်းစနစ်...''
မြူထုအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အသံများသည် ကျယ်လောင်စွာထွက်ပေါ်လျှက်ရှိသည်။
ချူခွမ်းရန်က ပညာရှင် အလင်းနက်ကိုဦးတည်၍ တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်လျှက်ရှိသည်။
သို့သော် သို ပညာရှင် တစ်ဦးကို မည်ကဲ့သို့ အလွယ်တကူ သတ်၍ရအံ့နည်း။ တဖက်သား၏ ခန္ဓာကိုယ် တစ်လျှောက်ကို ချီဖြင့်ကာကွယ်ထား၏။ချူခွမ်းရန်က ၄င်းကိုမည်မျှပင်ဖျက်စီးရန် ကြိုးစားပါစေ အရာမရောက်ပေ။
သူသည် အားနည်းနေသော ပညာရှင် တစ်ယောက်ပင် ဖြစ်သည်။
ယခုသူ၏စွမ်းအားသည် အရင်ကထက် တစ်ထောင်ပုံ ပုံ၍တစ်ပုံပင် မရှိပေ။
ဤသို့ဆိုလျှင် ပညာရှင် တစ်ယောက်သည် သူ၏နဂိုအချိန်တွင် မည်မျှစွမ်းအားကြီးမည်ကို ခန့်မှန်းနိုင်သည်။
'' အသုံးမဝင်ဘူးကောင်လေး...မင်းရဲ့စွမ်းအားက ငါ့ကို တစ်ယောက်တည်း သတ်ဖို့ အားနည်းလွန်းသေးတယ်...''
'' နေရာကောင်းတစ်ခုရှာပြီး သေမယ့်အချိန်ကို အေးအေးဆေးဆေး စောင့်နေလိုက်ပါ ကောင်လေး မင်းက မဟာတာအိုခန္ဓာကို ပိုင်ဆိုင်ထားတဲ့သူပဲ၊ မင်းရဲ့သွေးသားနဲ့ သွေးအဆီအနှစ်တွေက ငါ့အတွက်အရမ်းသင့်တော်တယ်...''
ပညာရှင် အလင်းနက်က ချူခွမ်းရန်ကို ပြင်းပြသော စိတ်ဆန္ဒဖြင့် စိုက်ကြည့်နေသည်။
ဆာလောင်နေသော တစ္ဆေတစ်ကောင်သည် တစ်အိမ်လုံးကို စောင့်ကြည့်နေသကဲ့သိုပင်။
ချူခွမ်းရန် တိုက်ခိုက်နေသည်ကိုရပ်ကာ
''တောက်ပသောလမင်းနယ်မြေကို ပေါ်လာအောင်လုပ်တာ ခင်ဗျားမလား...၊ ကောင်းကင်သားတော်တွေကို ဆွဲဆောင်ပြီးတော့ ခင်ဗျားအတွက် အစာရအောင်...ပြီးတော့ ဒီချိတ်ပိတ်ထားတာတွေကို ချိုးဖျက်လို့ရအောင်... ဟုတ်တယ်မလား''
VOUS LISEZ
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...