အပိုင်း ၂၈ သတိလစ်သွားသော အိမ်ရှေ့စံ မင်းသား

952 84 1
                                    

အပိုင်း ၂၈ သတိလစ်သွားသော အိမ်ရှေ့စံ မင်းသား ၊
နောက်ထပ် ထိပ်တန်း တာအို ခန္ဓာ

ဓားအလင်းတန်း ထိသည့် နေရာတိုင်းမှာ ထိုအမှတ် ပတ်လည်ရှိ လေဟာနယ် ပြို ကျသည်အထိ ဖျက်စီးခံရ၏။

ွစွမ်းအားကြီးမားလွန်းသော နဂါးဖိအားသည်လည်းပျောက်ကွယ်သွား၏။

အဇူရာ တော်ဝင် မင်းဆက်ရဲ့ အိမ်‌ရှေ့စံ မင်းသားဂူချန်းဂီသည် တိုက်ခိုက်မှုကြောင့်လွင့်စင်သွားကာဒဏ်ရာများမှသွေးများပန်းထွက်လာသည်။ ဒါက ချူခွမ်းရန်ကြောင့် ဒုတိယ အကြိမ် လွင့်စင်သွားခြင်း ဖြစ်၏။

ဓား တစ်ချက် တည်းဖြင့်သာဖြစ်သည်။

“ အရှင့်သား”

အကြီးအကဲ အိုးရန် ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ပြောင်းလဲသွားပြီး အိမ်ရှေ့စံ မင်းသား ဆီ ပြေးသွားခဲ့သည်။

အဇူရာ တော်ဝင် မင်းဆက်ရဲ့ အိမ်‌ရှေ့စံ မင်းသား အပေါ် ရှိနေသော ဒဏ်ရာများသည် ယခင်ကထက် ပိုမိုပြင်းထန်ပြီး နဂါးအကြေးခွံ ချပ်ဝတ် သည် တိုက်ခိုက်ခံရမှုကြောင့် ကွဲအက်နေ၏။ ဓားချီ၏ အန္တရာယ်ရှိသော အငွေ့အသက်များသည် ထို အက်ကွဲနေသော ချပ်ဝတ် မှ စိမ့်ထွက်နေပြီး ဂူချန်းဂီ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပျက်စီးစေသည်။

“ ဒါက သာမာန် ချစ်ကြည်ရေး ပြိုင်ပွဲ တစ်ခုဘဲလေ...၊ ဒီလောက် အားပြင်းတဲ့ တိုက်ခိုက်ချက်တွေ သုံးဖို့ လိုအပ်လို့လား? “

အကြီးအကဲအိုးရန် သည် ချူခွမ်းရန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

သူ့ရဲဖိအား သည် ချူခွမ်းရန်အပေါ်ကျရောက်လျက်ရှိနေသည်။

ဒါပေမဲ့လည်း သူ့လက်ထဲတွင်ကောင်းကင်သက်ဆင်းဓားကိုကိုင်ဆောင်ထားသည်။ သူ့ခြေထောက်အောက်ရှိ  အစိမ်းရောင် ကြာပန်း ဓားချီ ၊ သူ့၏ပတ်လည်ရှိ ဓားကိုးစင်း ကောင်းကင် အကျဥ်းထောင်ကြောင့် ချူခွမ်းရန်သည် မေးခွန်းထုတ်နေသော အကြီးအကဲအိုးရန်ကို မတုန်မလှုပ် မျက်နှာချင်းဆိုင်နေသည်။

“ အဲ့တာကဒီအတိုင်းသာမန် ဓားတစ်ချက်ဘဲလေ “

ချူခွမ်းရန် ၏ အကြောင်းပြချက်က ထင်ရှားသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now