အပိုင်း ၃၆၆ ယွမ်ဝူတောက် လွတ်မြောက်ခြင်း၊ ကောင်းကင်ကျောက်စိမ်းအဆောင်၊ ကောင်းကင်နက်ဂိုဏ်း၏ တောက်ပသောအနာဂတ်
သူ့လက်ကို မြှောက်လိုက်ကာ ကြီးမားသော မိစ္ဆာနှင်လက်ဝါးကို ထုတ်လွှတ်လိုက်၏။
ယွမ်ဝူတောက်သည် အံ့အားသင့်နေရင်း သူ့ကိုယ်မှ နတ်ဆိုးချီထွက်ပေါ်လာပြီး ဦးခေါင်းခွံတစ်ခု အသွင်ပြောင်းကာ ဧရာမ ရွှေရောင်လက်ဝါးကို ချက်ချင်း ထိမှန်သွားသည်။
စွမ်းအင်နှစ်ခုထိပ်တိုက်တွေ့သောအခါ ယွမ်ဝူတောက်သည် မြေအောက်ခန်းမှ လွင့်ထွက်သွား၏။ သူက မြေပြင်ပေါ် ဒူးထောက်ကျနေပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။
“ ချူခွမ်းရန်၊ မင်း ဘာလုပ်တာလဲ”
“ မင်းက အရူးလား... ငါ မင်းကို သတ်ဖို့ကြိုးစားတာ မင်း မမြင်ဘူးလား”
ချူခွမ်းရန်သည် မြေအောက်ခန်းမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာပြီး တည်ငြိမ်စွာ ပြောသည်။
သူ့အကြည့်က ရေခဲတမျှ အေးစက်နေ၏။ သူ့လက်ကို တဖန်မြှောက်လိုက်ပြီး ထူထဲသော ရွှေရောင်ဗုဒ္ဓအလင်းကြောင်းတစ်ခုကို ရေစီးကြောင်းသဖွယ် ထုတ်လွှတ်ကာ ရွှေရောင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ခု၏ ပုံရိပ်ကို ဖြစ်ပေါ်စေ၏။
အင်ပါယာနည်းစနစ်၊ သက္ကထပြန်လည်မွေးဖွားခြင်း မန္တာန်...
“ မင်းဟာ ငါ့တပည့်တွေကို အဆိပ်ခတ်ဖို့ မရဏနန်းတော်ကို ညွှန်ကြားထားပြီး ကောင်းကင်နက်ဂိုဏ်းကို အတွင်းကနေ ပုန်ကန်အောင် လှုံ့ဆော်ခဲ့သူ ဖြစ်တယ်။ မင်း ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ တကယ်ထင်နေတာလား”
“ ချူခွမ်းရန်၊ မင်း ကောင်းကင်နက်ဂိုဏ်းကို ပြန်မလာကတည်းက ငါတို့ အစီအစဥ်တွေ မထိရောက်ဘူးလို့ ဆိုလိုတယ်။ ကောင်းကင်နက်ဂိုဏ်းက ဆုံးရှုံးမှုမကြုံရဘဲနဲ့ ဘာလို့ ငါတို့ကို ဒီလောက် ရန်လိုနေရတာလဲ”
ယွမ်ဝူတောက်က အော်ဟစ်လိုက်သည်။
ချူခွမ်းရန်သည် ထိုစကားကို ကြားသောအခါ မရယ်မောဘဲ မနေနိုင်တော့ချေ။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...