216-220

691 54 2
                                    

အပိုင်း ၂၁၆
သံမှော်ဆေးစာလိပ်၊ နှင်းဖြူပညာရှင်၊ ဒီလိုမှော်ဆေးပညာရှင်ကို ဘယ်မှာရှာရမည်နည်း

ကောင်းကင်နက်ဒုတိယဘိုးဘေးကား ကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။
သူသည် မှော်ဆေးပညာအကြောင်းကို အလုံးစုံမသိသော်ငှား အထူးသဖြင့် လက်ရှိအခြေအနေတွင် ဆေးညွန်းတစ်ခုကင်းမဲ့နေသောကြောင့် ဝိညာဥ်တောင်ထွတ်ကို ကုသရန် ဘယ်လောက်တောင် ခက်ခဲမည်ဆိုတာကို သူသိသည်။

သို့ပေမဲ့၊ ချူခွမ်းရန်က သူ့ဘာသာသုတေသန လုပ်ပြီး တစ်ခုတီထွင်နိုင်ခဲ့ကြောင်း ပြောလေသည်။
၎င်းက မဖြစ်နိုင်ဘူးလို့ ခံစားနေရသည်။ အကယ်တော့၊ မေးခွန်းထဲမှ သူသည် မယုံနိုင်စရာကောင်းအောင်ပင် ပြီးမြောက်အောင်မြင်ခဲ့လေ၏။ သာမန်လူတွေ မတီထွင်နိုင်တာက သူမလုပ်နိုင်ဘူးလို့ မဆိုလိုပေ။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းက မြန်ဆန်လွန်း၏။
လွန်ခဲ့သော နှစ်ရက်က သူ့ရည်ရွယ်ချက်ကို ထုတ်ပြောခဲ့ပြီး အခု သူတီထွင်ပြီးလေပြီ။
ကောင်းကင်နက်ဒုတိယဘိုးဘေးက အရူးလုပ်ခံရသလို ခံစားလိုက်ရ၏။
ဝိညာဥ်တောင်ထွတ်ဒဏ်ရာသည် နှစ်ပေါင်းမရေတွက်နိုင်အောင် မှော်ဆေးပညာလောက အတွက် မဖြေရှင်းနိုင်သော ဆန်းကြယ်မှု တစ်ခုဖြစ်လေသည်။ ဤအရာကို မှော်ဆေးဆရာများစွာက မည်မျှပင် စမ်းသပ်ခဲ့ပါစေ အဆုံးမှာဘာမှ မရရှိခဲ့ကြချေ။
ချူခွမ်းရန်သည်ကား ၎င်းကိုရရှိရန် နှစ်ရက်မျှသာ အသုံးပြုခဲ့လေသည်။
သောက်ကျိုးနည်း၊ သူက တကယ်လူသားလား?
ချူခွမ်းရန်က နေ့တစ်ဝက်အတွင်း ကိုယ်ပိုင်ပညာရှင်နည်းစနစ်ဆယ့်နှစ်ခုကို တီထွင်ဖန်တီးခဲ့သည့် အံ့အားသင့်ဖွယ်အောင်မြင်မှုကို ရုတ်တရက် ပြန်အမှတ်ရမိသွားသည်။
ထိုခဏ၌၊ ဒါတွေအကုန်လုံးက သိပ်အံ့သြစရာမဟုတ်ဘူးလို့ ရုတ်တရက် ခံစားရပြန်၏။

“ သောက်လူထူးလူဆန်း”
ကောင်းကင်နက်ဒုတိယဘိုးဘေးက သူ့ကိုယ်သူသာ မှတ်ချက်ချလေတော့သည်။
...

ကောင်းကင်ကြယ်တာရာတွင်၊ ပညာရှင်ကျင့်ကြံခြင်းနယ်မြေများ၏ အုပ်ထိန်းသူဖြစ်လာရန် ရည်စူးထားသည့် ပညာရှင်များအပြင်၊ မည်သူနှင့်မျှ မပူ‌ပေါင်းဘဲ တစ်ယောက်ထဲ လှည့်လှည်နေသော ပညာရှင်များလည်း ရှိပေသည်။
ဥပမာအဖြစ်၊ အဇူရာနဂါးကုန်းမြေ၏ ဆံဖြူပညာရှင် ဖြစ်၏။
ထိုနည်းတူပင်၊ အနက်ရောင်စစ်သည်ကုန်းမြေ၌ ထိုကဲ့သို့ ပညာရှင်တစ်ဦးရှိလေသည်။
အနက်ရောင်စစ်သည်ကုန်းမြေ၏ တောင်ကြားတစ်နေရာ၊
ဒီနေ့တွင်၊ ကျင့်ကြံသူများစွာသည် ဤတောင်ကြားတွင် စုဝေးနေကြ၏။
ထိုသူများသည် တောင်ကြားအတွင်းအပိုင်းကို မျှော်လင့်ချက်များပြည့်နှက်နေသည့် မျက်နှာများဖြင့် မျှော်ကြည့်နေကြလေသည်။
“ သံမှော်ဆေးပုရပိုက်ကို မျက်မြင်တွေ့ဖို့ ပညာရှင်နှင်းခဲက တစ်နေ့မှာ ငါတို့ကို ဖိတ်ခေါ်မယ်လို့ မထင်မှတ်ထားဘူး။ ဒါက အံ့သြစရာပဲ”
“ ဒဏ္ဍာရီတွေအရ သံမှော်ဆေးပုရပိုက်မှာ မဟာမှော်ဆေးပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ပါရှိတယ်တဲ့။ ဆေးညွှန်း ရှစ်ဆယ့်ရှစ်ခုကို ဖြည့်စွက်ဖာထေးနိုင်တဲ့ မည်သူမဆို အမွေအနှစ်ကို ရရှိလိမ့်မယ်။ အဲ့ဒီနောက်မှာ လူတစ်ယောက်က အရှိန်အဟုန်နှင့် တိုးတက်လာမှာ သေချာတယ်တဲ့”
“ လက်ခံတယ်။ ငါဆိုလိုတာက၊ အဲ့ဒါက ငါတို့ပြောနေတဲ့ မဟာမှော်ဆေးပညာရှင် အကြောင်းပဲ။ ပညာရှင်များပင် လေးစားမှုတစ်ချို့ ပြသရမယ်”
“ ငါသာ ထိုနေရာမှာ ဆေးညွှန်းကို ဖာထေးနိုင်ခဲ့ရင်၊ ဟီးဟီး”
“ မင်းရဲ့ အိမ်မက်ထဲမှာ”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now