အပိုင်း ၃၉၀ မဟာအစီအရင်ကိုနေရာချထားခြင်း၊ ကောင်းကင် အင်ပါယာကျမ်းစာ၊ ချမ်အင်ပါယာနန်းတော်ပေါ်ပေါက်လာခြင်း
ချူခွမ်းရန်၏ အကူအညီဖြင့် ကျင့်ကြံသူများသည် သူတို့၏ဒဏ်ရာများကိုသက်သာသွားကြသည်။ထို့နောက်ချူခွမ်းရန်က မေးလိုက်သည်။
'' ဒီထဲမှာ ပင်လယ်လေးစင်းကုန်သည်အဖွဲ့အစည်းက ဘယ်သူပါလဲ...''
'' ကျွန်တော်တို့က အဖွဲ့အစည်းရဲ့ ပို့ဆောင်ရေးသမားတွေပါ...''
လူအုပ်ထဲမှအချို့က ရှေ့ထွက်လာကြသည်။ချူခွမ်းရန်က သူတို့ကိုကြည့်ကာပြောလိုက်သည်။
'' အင်း...ကောင်းပြီ၊ မာစတာချမ်ကို ဒီသတင်းစကားပါးလိုက်ပါ၊ သူ့ကို အနီးဆုံးစီရင်စုကနေ စောင့်နေဖို့ပြောလိုက်ပါ...''
'' မာစတာချမ်...''
'' ဘယ် မာစတာချမ်လဲ...''
သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။
ထိုသူတို့သည် အဖွဲ့အစည်းတွင် အနိမ့်ဆုံးရာထူးရှိသူများသာဖြစ်ကြပြီး အဖွဲ့အစည်း၏နောက်ကွယ်မှ အလွှမ်းမိုးနိုင်ဆုံးအဖွဲ့ဝင်ဖြစ်သော မာစတာချင်ကို သိဖို့မဆိုထားနှင့် တစ်ခါမှတောင်ကြားဖူးခြင်းမရှိချေ။
'' ကိစ္စမရှိဘူး...ငါ့ကိုယ်တိုင်ပြောလိုက်မယ်...''
ချူခွမ်းရန်က စိတ်ထဲမရှိပဲပြောလိုက်သည်။
ထို့နောက်သူက ပင်လယ်နက်ပိုင်းကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်လိုက်သည်။ချူခွမ်းရန်က သူ၏နှုတ်ခမ်းကိုလျှာဖြင့် လောဘတကြီးသပ်လိုက်ပြီး ပင်လယ်ကြမ်းပြင်သို့ ပြေးဆင်းသွားလေသည်။
ရေကွယ်ပုလဲ၏ အကူအညီဖြင့် ချူခွမ်းရန်က ပင်လယ်နက်ပိုင်းသို့မကြာခင်ရောက်လာ၏။ထိုနေရာတွင် ကတုတ်ကျင်းကြီးတစ်ခုရှိပြီး အထဲတွင်ရတနာများစွာရှိနေ၏။သူ့ရှေ့တွင်ရှိနေသော ပြောင်လက်တောက်ပနေသော ရတနာများစွာကိုကြည့်ကာ ချူခွမ်းရန်က ပါးစပ်နားရွက်တက်ချိတ်သွားသည်အထိပြုံးလိုက်၏။
'' မြွေနတ်ဘုရား ခင်ဗျားကို ကျုပ်တကယ်ကျေးဇူးတင်ရမယ်ဗျ...''
မြွေနတ်ဘုရားက ပင်လယ်ရေအောက်ရှိရတနာအားလုံးကိုစုစည်းသိမ်းဆည်းထားပြီး ၄င်းတို့၏စုစုပေါင်းတန်ဖိုးသည် ပင်လယ်ကျွန်းသုံးဆယ့်ခြောက်ကျွန်းတွင်ရှိသောရတနာများ၏ စုစုပေါင်းတန်ဖိုးထက် အပြတ်အသတ်ကျော်လွန်လေသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...