236-240

574 48 0
                                    

အပိုင်း ၂၃၆
အညိုးအတေးဝိညာဥ်စစ်တပ် လွတ်မြောက်လာခြင်း၊ ဒါက ကမ္ဘာပျက်ကိန်းပဲ၊ ဝတ်ရုံဖြူဝတ်ဗိုလ်ချုပ်

ကောင်းကင်စစ်ပုဆိန်ကို ယူဆောင်ပြီးနောက် ရှန်ဟန်သည် လီရှောင်ယွင်နှင့်ကျန်သူများ မတုန့်ပြန်မီ ချက်ချင်း ထွက်ပြေးသွားလေ၏။
သူတို့​အုပ်စုသည် ရှန်ဟန်ကို နောက်မှ အဆက်မပြတ်ကျိန်ဆဲနေကြသည်။

“ သေစမ်း၊ ရှန်ဟန်... သူရူးသွားပြီလား”
“ ကောင်းကင်စစ်ပုဆိန်ကို ရနိုင်ဖို့ ငါတို့အသက်ကိုတောင် ဂရုမစိုက်ဘူးပေါ့။ ဘယ်လိုသောက်ရူးလဲ”

“ အခု ဘာမှ ပြောနေစရာမလိုဘူး။ ဒီက ထွက်သွားရအောင်”
လူတိုင်းသည် မြို့ပြင်သို့ ပြေးထွက်ကြလေ၏။

သူတို့ နန်းတော်မှ လွတ်မြောက်ပြီးသည်နှင့် နန်းတော်တစ်ခုလုံးသည် ကြီးမားလှသော အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာကာ ချက်ချင်း ပြိုကျသွားလေသည်။

အက်ကွဲကြောင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ခြင်းချီပေါက်ကွဲမှု တစ်ခုပါဝင်လေ၏။
လီရှောင်ယွင်က နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။
မြင်ကွင်းက သူ့ဦးရေခွံကို ထုံကျင်သွားစေ၏။
အက်ကွဲရာမှ မရေတွက်နိုင်သော အညိုးအတေးဝိညာဥ်များကြောင့် ဖြစ်ပေါ်နေသည့် အနက်ရောင်အစုအပြုံများ လျှံထွက်လာခဲ့သည်။

အဆက်မပြတ်ငိုကြွေးခြင်းနှင့်အတူ၊ ထိုအညိုးအတေးဝိညာဥ်များ၏ ဝမ်းနည်းကြေကွဲမှုများသည် လူတိုင်း၏ ကျောရိုးကို စိမ့်တက်သွား‌စေ၏။
လီရှောင်ယွင်သည် သူအရင်တစ်ခါမှ မတွေ့ခဲ့ဖူးသော သူ့တာအိုအူတိုင် တုန်ခါမှုကို ချက်ချင်းခံစားမိလေသည်။

“ သတ်၊ သတ်...”
“ လူတိုင်းကို သတ်”
“ ဟွား...”
“ ငါ လွတ်လပ်ပြီ၊ ငါလွတ်လပ်ပြီ...”
သွေးပျက်ဖွယ် ဟိန်းသံများ၊ အော်ဟစ်သံများနှင့် အညိုးအတေးဝိညာဥ်များ၏ ညည်းညူသံများသည် ကြောက်မက်ဖွယ်အကောင်းဆုံး ငရဲသံစဥ်အဖြစ်သို့ ပေါင်းစပ်နေလေသည်။
သူတို့၏ ရက်စက်ခြင်းချီနှင့် ဒေါသများသည် နယ်ပယ်တစ်ခုလုံး ပြည့်လျှံသွားလေသည်။
လို့မြို့တော်၏ ထူးဆန်းသောအတားအဆီးသည် ထိုကဲ့သို့စွမ်းအင်မပါဝင်သောကြောင့် အခင်းဖြစ်ပွားရာနေရာရှိ အညိုးအတေးဝိညာဥ်များကို လွတ်လွတ်လပ်လပ် ဖွင့်ပေးသလို ဖြစ်နေသည်။
တခဏအကြာတွင်၊ အညိုးအတေးဝိညာဥ်များ၏ အရှိန်အဟုန်သည် ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားပြီး မရေတွက်နိုင်သောအညိုးအတေးဝိညာဥ်များကို မကျေမနပ်ဟိန်းဟောင်သံများ ထွက်စေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now